💢💢7💢💢

1.5K 25 0
                                    

Unicode💢မာနများနဲ့သူမ💢

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode
💢မာနများနဲ့သူမ💢

အခန်း(၇)

ကားရပ်လိုက်တာနှင့်မေနွယ် တန်းဆင်းရန်
ပြင်လိုက်ပေမဲ့ လက်ကောက်ဝတ်လေးကို
ဆုပ်ကိုင်လိုက်တဲ့အစ်ကို့ကြောင့် ရပ်တန့်သွားရသည်။

မေနွယ် မဝံ့မရဲလေးကြည့်လိုက်တော့
အစ်ကိုကရီဝေစွာပြုံးပြရင်းနဲ့မှ

"ခြေထောက်ကိုဂရုစိုက်
ပိုးဝင်သွားရင်ခက်လိမ့်မယ် သိလား...."

"ဟုတ် ...."

မေနွယ် ဖြေပြီးတဲ့အထိ သူကလက်ကောက်ဝတ်လေးကိုမလွှတ်ပေးသေးပေ....။
ကိုယ်ကကြိုက်တယ်ဆိုပေမဲ့ skinship
လောက်ထိမရဲသေး....
ထို့ကြောင့်လက်ကောက်ဝတ်ကို
မသိမသာလေးရုန်းထွက်လိုက်ရင်းမှ

"ဟို မေနွယ် ဆင်းတော့မယ်နော်....."

"အင်း...."

"အဲ့တာဆိုလဲလွှတ်ပေးအုံးလေ..."

ကိုယ်ကသူစိတ်ထင့်မှာဆိုးလို့ မသိမသာ
ရုန်းနေပေမဲ့ မလွှတ်ပေးတာကြောင့်
ပြောလိုက်ကာမှ ရှက်ကိုးရှက်ကန်းရီကာ
လွှတ်ပေးလိုက်၏။

"ဆောရီး မေ့သွားလို့...."

မေနွယ် ခေါင်းညိမ့်ပြကာ ကားပေါ်ကဆင်းရင်း
အိမ်ထဲပြေးဝင်လာခဲ့မိ၏။
ရှက်လိုက်တာ.....

မေနွယ် အိမ်ထဲဝင်လာခဲ့တော့ဘယ်သူ့မှကိုမတွေ့
ဦးနိုင်မင်းထက်ဆိုသူက ကုမ္ပဏီသွားတယ်
ဆိုတာသိထားတာကြောင့် အန်တီပိုးယုံတော့
ရှိနေသင့်တယ်မလား....ဒါဆိုမေမေရော...
မေနွယ် အနောက်တွေကိုလိုက်ရှာကြည့်ပေမဲ့မတွေ့..
မမရော.....

"မမရေ မမ...."

တစ်အိမ်လုံးမှာတစ်ယောက်ထဲပဲရှိနေသလို
ခြောက်ခြားရင်းမှ မေနွယ်အော်ခေါ်ပေမဲ့
မမကမထူးပေ...
အကုန်လုံးဘယ်ရောက်သွားကြတာလဲ...

💢မာနများနဲ့သူမ💢 {Complete}Where stories live. Discover now