Part 2(Uni+Zawgyi)

730 12 0
                                    

(Uni)

လွန်ခဲ့သည့်၂နှစ် သူအိမ်က ထွက်မလာခဲ့ရသေးချိန်မှာ သူတို့မိသားစုမှာ ပြသနာများစွာ ကြုံခဲ့ရသည်။
သူ့အမေဆုံးပြီးနောက် သိပ်မကြာခင်မှာ သူ့အဖေသည် နောက်မိန်းမယူပြီး အိမ်ပေါ်ကိုခေါ်တင်လာခဲ့သည်။အဲဒီတုန်းကဆို သူသည် အသက်၁ဝနှစ်သာရှိခဲ့သေးသည်။သူ့အဖေ၏နောက်မိန်းမမှာ သူထက်၃နှစ်ငယ်သည့်ကောင်လေးတစ်ယောက်ပါလာခဲ့သည်။
အဖိုးကလည်း သူ့အဖေနောက်မိန်းမယူလိုက်ပြီးနောက်ပိုင်း သူ့အဖေကိုအရင်ကလိုအရေးမပေးတော့ဘဲ သူ့ကိုသာအရာအားလုံးအရေးပေးခဲ့သည်။ဒီလိုနဲ့ သူအထက်တန်းအောင်ပြီးတက္ကသိုလ်ပြီးချိန်မှာ အဖိုးကသူ့ကိုသူ့၏CEOနေရာမှာ အလုပ်၀င်လုပ်ဖို့ ကမ်းလှမ်းလာသည်။သူအနေနဲ့ အဲဒီနေရာမှာ ကျွမ်းကျင်မှုမရှိတော့ကြောင့် ငြင်းဆန်ခဲ့ပေးမယ့်လည်း အဖိုးက သူ့ကိုသာ သူ့၏ကုမ္ပဏီကို ချယ်လှယ်ခိုင်းချင်ကြောင်းမျက်နှာငယ်နှင့်ပြောလာခဲ့သည်။သူကလည်း အဘိုးက အတင်းတောင်းဆိုနေသည်ကြောင့် လက်မခံချင်ဘဲ လက်ခံလိုက်ရသည်။ဒီလိုနဲ့ သူ့အဘိုးနေရာမှာ ၀င်လုပ်ပြီး ၂နှစ်လောက်အကြာမှာ အဖိုးကရုတ်တရတ်ကြီး လှေကားပေါ်က ပြုတ်ကျပြီးဆေးရုံရောက်သွားခဲ့သည်။အဖိုးလှေကားပေါ်ကနေ ဘယ်လိုပြုတ်ကျသွားလဲ ဘယ်သူမှမသိကြပေမယ့် အဖိုးကတော့ ခြေထောက်အရိုးကျိုးသွားပြီး ဝှီးချဲလ်နှင့်‌ နေရသည့်ဘ၀ရောက်သွားခဲ့သည်။တစ်နေ့မှာ အဖိုးကသူ့ကို လျှို့ဝှက်ချက်တစ်ခုပြောပြလာသည်။

"မြေးဈာန် အဖိုးပြောတာနားထောင်"

"ဟုတ် အဖိုးပြောပါ သားနားထောင်နေပါတယ်"

"အေး သားကိုအဖိုးဒီအကြောင်းပြောပြပြီးရင် စိတ်လိုက်မာန်ပါ လျှောက်မလုပ်ဖို့ရယ်နဲ့သားတစ်ယောက်တည်းဘဲသိထားပြီး ဘယ်သူ့ကိုမှမပြောပြဖို့အဖိုးတောင်းဆိုချင်တယ်"

"ဟုတ် စိတ်ချပါအဖိုး"

"အင်း အခုအဖိုးအိမ်မှာ လုပ်ကြံသူရှိနေတယ်"

"ဗျာ"

"ဟုတ်တယ်သား အဖိုးအခုလိုလှေကားပေါ်ကပြုတ်ကျတာဟာ အဖိုးသတိမဲ့လို့မဟုတ်ဘူး တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့အသေသတ်ချင်လို့တွန်းလိုက်တာ ဘယ်သူလဲဆိုတာ အဖိုးမသိပေမယ့် သားကလွဲပြီးအားလုံးကတရားခံဘဲ သားအဖေကလည်းမင်းရဲ့CEOရာထူးကိုလိုချင်နေတာ မင်းကိုအဲဒီရာထူးကိုပေးလိုက်တဲ့အဖိုးကို မကျေနပ်လို့လှေကားပေါ်ကနေ တွန်းချလိုက်တာလည်းဖြစ်နိုင်တာဘဲလေ"

Toward Softly Of Love(နူးညံ့သောအချစ်ဆီသို့)Where stories live. Discover now