(Uni)
ဈာန်သည် ဒီနဒီနေ့ရှယ်ယာရှင်တွေနှင့်အရေးကြီးMeetingရှိသည့်အတွက် အိမ်ကနေ ကုမ္ပဏီကိုအစောကြီးသွားခဲ့သည်။ဒီနေ့တစ်နေ့လုံး ရှယ်ယာရှင်တွေနှင့်အစည်းအဝေးလုပ်ပြီးနောက် ထိုရှယ်ယာနှင့်အတူ စားသောက်ဆိုင်တစ်ဆိုင်မှာဧည့်ခံပြီးအလုပ်ကိစ္စဘာညာဆက်ပြောနေကြပြီးနောက် သူ့ကုမ္ပဏီပိုင်သည့်ရေမွှေးစက်ရုံကိုသွားရောက်စစ်ဆေးခဲ့သည်။"Dream"
ဆိုသည့် သူပိုင်သည့်ရေမွှေးစက်ရုံကိုသွားပြီး၀န်ထမ်းတွေ၏လုပ်ပုံကိုင်ပုံတွေ၊ပစ္စည်းတွေ၏အနံ့တွေ၊Quility တွေကိုသေသေချာချာစစ်ဆေးပြီးမှ ည၇နာရီတွင် အိမ်ကိုပြန်လာခဲ့သည်။သူအိမ်သို့ရောက်သော် အခန်းတံခါးကိုဖွင့်လိုက်ပြီးနောက် မီးဖိုချောင်ရှိရေခဲသေတ္တာဆီသို့သွား၍ရေခဲသေတ္တာထဲမှ ရေတစ်ဗူးကိုဖောက်သောက်လိုက်ပြီး သူ့အိပ်ခန်းထဲသို့၀င်လာလိုက်သည်။မှောင်နေသည့်သူ့အိပ်ခန်းကို မီးမဖွင့်တော့ဘဲ မောပန်းနွမ်းနယ်စွာ အိပ်ရာပေါ်သို့ သူ့ကိုယ်ကိုအရှိန်နှင့်အိပ်ချလိုက်သည့်အခါမှာတော့ အိပ်ရာပေါ်မှာရှိသည့် သူအိပ်ချလိုက်သည့်မာတောင်တောင်လိုအရာကြောင့် သူလန့်သွားပြီးအော်လိုက်မိသည်။"အားးးး"
ဒီပါချမ်းသည် ထိုအိပ်ရာပေါ်မှာနှစ်ခြိုက်စွာအိပ်နေရင်း သူမအပေါ်ကိုရုတ်တရတ်တက်ဖိလိုက်သည့်လေးလံသည့်အရာကြောင့် အိပ်ရာကနေလန့်နိုးလာသောအခါ..
"ဟင် ဘာကြီးလဲ
ဈာန်မှာ လန့်သွားသည်နှင့်တစ်ပြိုင်နက် သူ့အခန်းမီးကို လင်းထိန်နေအောင်ဖွင့်လိုက်သည်။
"အားးး"
သူတို့နှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးထိတ်လန့်စွာနှစ်ယောက်သားအော်လိုက်ကြသည်။
"ရှင် ရှင်ဘယ်သူလဲ ဘာလို့ကျွန်မအခန်းထဲရောက်နေတာလဲ"
"မင်း မင်းကိုသာ ငါကမေးရမှာ မင်းကရောဘယ်သူလဲ ဘာလို့ငါ့အိပ်ခန်းထဲရောက်နေတာလဲ ပြောစမ်း"
"ဘာရယ် ဘာလို့ရှင့်အိပ်ခန်းဖြစ်ရမှာလဲ ဒါကျွန်မအခန်းရှင့်"
YOU ARE READING
Toward Softly Of Love(နူးညံ့သောအချစ်ဆီသို့)
Romanceချမ်းသာတဲ့မိသားစုကနေဆင်းသက်လာပြီး အချစ်ကိုအယုံအကြည်မရှိဘဲ မိန်းကလေးများနှင့်အရှုပ်အရှင်းကင်းတဲ့ နေရဲဈာန် နဲ့ ဘ၀ကိုရိုးရိုးရှင်းရှင်းဖြတ်သန်းပြီး မဟုတ်မခံစိတ်ရှိတဲ့ ဒီပါချမ်းတို့နှစ်ယောက် မထင်မှတ်ဘဲဆုံခဲ့ကြပြီး ဟန်ဆောင်လက်ထပ်ဖို့ဖြစ်လာကြတဲ့အခါ.... (U...