Chapter 30

1K 68 2
                                    

အတိတ်မှကိစ္စများနှင့်ပတ်သတ်၍ အမှန်တကယ် များများစားစား ရှင်းရှင်းလင်းလင်းမမှတ်မိ​တော့ပါ​ပေ။

ဝိန်းရိဖန်အ​နေဖြင့် အတိတ်မှအရာများအား ပြန်​တွေးကြည့်​နေခြင်းမျိုးမှာသိပ်လုပ်​လေ့မရှိ ၊ သို့သည့်တိုင် တစ်ခါ​လေးမျှ ပြန်​တွေးကြည့်လိုက်မိတိုင်းတွင် အထူးသဖြင့် စန်းရန်နှင့်ပတ်သတ်သည့်မှတ်ဥာဏ်များဆိုလျှင် ပုံရိပ်တစ်ခုချင်းစီတိုင်း အ​သေးစိတ်တစ်ခုချင်းစီတိုင်းကို​တော့ ရှင်းရှင်းလင်းလင်းမှတ်မိ​နေခဲ့သည်။

ဤအချိန်အခါ​လေးသည်လည်း ​မှတ်မိ​နေသည့်အထဲ ​သေချာ​ပေါက်အပါအဝင်။

ထိုအချိန်က သူမ အ​သေအချာခံစားမိလိုက်သည်မှာ သူမ၏နှလုံးခုန်သံများ တစ်ခဏရပ်တန့်သွားခဲ့သည့်အ​ကြောင်းပင်။

------

အ​ရှေ့မှာရှိ​နေသည့် ကျုံးစစ်​ချောင်က စကား​ပြော​နေဆဲဖြစ်၏။

"အဲ့အချိန်တုန်းက ငါနဲ့ ​ချွေးကျင့်ယွီနဲ့က တန်းခွဲတစ်ခုတည်း​လေ ၊ နေ့တိုင်း​နေ့တိုင်း သူ​ပြောပြတဲ့ စန်းရန်အ​ကြောင်း​တွေကိုမရိုးနိုင်​အောင်နား​ထောင်​ခဲ့ရတာ ၊ အဲ့ဒါနဲ့ပဲ ငါတို့အတန်းထဲက စန်းရန်ကိုမသိတဲ့လူ​တွေ​တောင် သူ​ပြောလွန်းလို့ အားလုံး သိကုန်ရော​"

ဝိန်းရိဖန် ငြိမ်၍နား​ထောင်​နေမိရင်း နှုတ်ခမ်း​ထောင့်စွန်းများထက်တွင်လည်းအ​ကွေးရာ​လေးတစ်ခု ​ပေါ်လာတတ်​သေးသည်။

"​​အေ့...ငါ ခုဏတုန်းက​မေးတဲ့​​မေးခွန်းကို နင် ပြန်မ​ဖြေရ​သေးဘူး​နော် ၊ ဘာပဲဖြစ်ဖြစ် နှစ်​တွေလည်းအများကြီးကြာခဲ့ပြီဆို​တော့ ငါတို့ စကားအဖြစ်​​တော့ပြောကြရ​အောင်"

ကျုံးစစ်​ချောင် မူလခေါင်းစဥ်ဆီသို့ပြန်​ရောက်သွားပြီး စ​နောက်ချင်သည့်အမူအရာဖြင့် ;

"သ​ဘောကျတဲ့အဆင့်ထိ ငါမ​ပြော​သေးဘူး ၊ အရင်ဆုံး ရင်ခုန်ခဲ့ဖူးလား? စိတ်လှုပ်ရှားသလိုမျိုး​လေ"

"...."

"ပြန်မ​ဖြေဘူးဆို​တော့.....ဒါဆို နင် ဝန်ခံတယ်လို့ ငါသတ်မှတ်လိုက်မှာ​နော်"

First Frost [ ဘာသာပြန် ]Where stories live. Discover now