တစ်နှစ်ကျော်မျှကြာသွားခဲ့ပြီးနောက်တွင် ဝိန်းရိဖန်၏ပါးစပ်ဖျားမှ ဤစကားလုံးအား ထပ်ကြားလာရလိမ့်မည်ဟု စန်းရန် တစ်ခါမှပင်မတွေးထားမိခဲ့ပါပေ။ သည့်ထက်အပြင် ဤအကြိမ်၌ 'ပြန်ရွေးမည့်'အဆင့်ထိပါ တက်သွားလေပြီဖြစ်သည်။
သူ့အတွက်တော့ ကြားလိုက်ရသည်မှာ ကြောင်တောင်တောင်လည်းနိုင်လှသလို ရယ်ချင်စရာလည်းကောင်းနေပြန်သေးသည်။
"ကိုယ့်ကို ဘာဖြစ်တယ်"
ဝိန်းရိဖန်၏အေးစက်စက်လက်ချောင်းများက သူ့မျက်နှာအားထိတွေ့နေသည်မှာ မျက်ခုံးမှတဆင့် ပါးပေါ်သို့ဆင်းလာပြီး နောက်တွင် ပါးချိုင့်ရာရေးရေးလေးပေါ်နေသည့်သူ့ညာဘက်ပါးနေရာ၌ ရပ်တန့်သွားခဲ့၏။
ဆက်၍လည်း မလှုပ်ရှားလာတော့သလို အကြည့်များကပါ ပါးချိုင့်နေရာဆီသို့ ရောက်လာခဲ့သည်။
"ပြောပြကြည့်ပါဦး"
စန်းရန်က ဝိန်းရိဖန်အား သဘောကျထိခွင့်ပေးထားပြီး သူမ၏အခြားလက်တစ်ဖက်ကိုကား သူ ဆွဲကိုင်ထားလိုက်၍ ;
"ကိုယ့်ကိုရွေးလိုက်ပြီပဲထား...ပြီးတော့ရော.."
"ပြီးတော့လား"
ဝိန်းရိဖန်က မျက်တောင်များကို ဖြည်းဖြည်းချင်းပင့်တင်လာပြီး ရင်းနှီးလွန်းလှသော သူ့မျက်ခုံးများကိုစိုက်ကြည့်ကာ သူမ၏အတွင်းစိတ်ဆန္ဒများကို အရိုးသားဆုံးပြောပြလာခဲ့သည်။
"နင့်ကို ငါ့တစ်ယောက်တည်းအတွက်ပဲ ဖြစ်အောင်လုပ်မလို့"
စန်းရန်က မျက်ခုံးကိုအသာအယာပင့်မြှောက်လိုက်၍ ;
"ဒါဆို မင်း ရွေးနေစရာတောင် လိုသေးလို့လား"
"လိုတယ် ၊ ဘာလို့လဲဆိုတော့ ငါ မြင်ထားတာ...."
ဝိန်းရိဖန်က နှုတ်ခမ်းကိုကိုက်လိုက်ရင်း ခပ်တိုးတိုးလေးမကျေမနပ်ဆိုလာ၏။
"နင် တခြားမိန်းကလေးတွေကို ရယ်ပြလို့"
စကားအဆုံးတွင် သူမက ထပ်၍ရှင်းပြလာလေသေးသည်။
YOU ARE READING
First Frost [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-