ပျင်းပျင်းပြပြ ပူလောင်နေတဲ့ နေမင်းရဲ့အရှိန်နဲ့
အတူ ပတ်ဝန်ဘင်းရဲ့ ရင်ထဲမှာလည်း
အပူမီးတွေဟာ တောက်လောင်နေလေရဲ့။အကြောင်းအရင်းကတော့ ထွေထွေထူးထူးရယ်
မဟုတ်ပါဘူး။ တက္ကသိုလ် တတိယနှစ်ရဲ့
ပထမဆုံးရက်မှာ assignment ရေးခိုင်းတဲ့
မေဂျာဆရာကြောင့်။နေ့လည်ပိုင်းအားလပ်ချိန်မှာ ကန်တင်းမထိုင်ဘဲ
စာကြည့်တိုက်ထဲရောက်နေတဲ့ ပတ်ဝန်ဘင်းနဲ့အတူ Business တစ်မေဂျာလုံးကို
တစ်ခြားကျောင်းသားတွေကတော့
ရူးနေတာလားလို့ ထင်ရင်လည်းထင်ကြမှာပေါ့။ဒါပေမယ့် ပတ်ဝန်ဘင်းမျက်လုံးထဲမှာတော့
ထိပ်ပြောင်ပြောင်နဲ့ မေဂျာဆရာက
ပိုရူးနေတယ်ဆိုတာ အသေအချာဘဲ။ဟုတ်တယ်လေ။ရူးနေတဲ့ဆရာမို့လို့
ပထမဆုံးရက်မှာ ဒီလိုအရူးအလုပ်မျိုး
ခိုင်းပြီးတော့ မနက်ဖြန်အပြီးအပ်ခိုင်းတာ။ဒါတောင်ပြောလိုက်သေးတယ်။
'ပထမဆုံးရက်ဆိုတော့ မင်းတို့တစ်မေဂျာလုံးကို
Assignmentတစ်စုံဘဲလုပ်ခိုင်းတာ။ငါ့ရဲ့
ညှာတာမှုကိုမင်းကိုကျေးဇူးတင်သင့်တယ်'
တဲ့လေ။assignment လည်းပြီးရော။ညနေပိုင်း
အတန်းတောင်မတက်နိုင်တော့ဘူး။
လွယ်အိတ်ကလေးလွယ်ပြီး
ကျောင်းဝန်းထဲက အပင်ကြီးတစ်ပင်အောက်မှာ
စိတ်လေလေနဲ့ထိုင်နေမိတော့တာဘဲ။''ဒီမှာဗျ...''
ခေါင်းငုံ့ပြီး ခြေကုန်လက်ပန်းကျစွာ
ထိုင်နေတဲ့ဝန်ဘင်းက ခေါ်သံကြောင့်
မော့ကြည့်လိုက်တော့ အရပ်ရှည်ရှည်နဲ့
ကောင်လေးတစ်ယောက်။''စီနီယာ ပတ်ဝန်ဘင်းရှီး...ဟုတ်တယ်မလား?''
''ဘယ်လိုသိတာလဲ?''
တစ်ဖက်က စကားကြောင့်
ဝန်ဘင်းတစ်အံ့တသြဖြစ်သွားပြီး
ချက်ချင်းပြန်မေးလိုက်မိတယ်။ဒါပေမယ့် တစ်ဖက်က ကောင်လေးက
ပြန်မဖြေဘူး။ အဲ့ဒီ့အစား
သူပြောလိုရာကိုဘဲ ရှေ့ဆက်ပြောလာတယ်။''ကျွန်တော့်နာမည် အီချန်းယောင်း...
Business မေဂျာ ပထမနှစ်က။
မနက်ဖြန်ကစပြီးစီနီယာ့ကို
လိုက်တော့မှာဆိုတာ သိထားပေး။''အဲ့လိုနဲ့ဘဲ ပတ်ဝန်ဘင်းရဲ့ ဘဝထဲကို
တစ်စုံတစ်ယောက်က အတင်းလုယက်
ဝင်ရောက်လာလေရဲ့။~~~
''ပတ်ဝန်ဘင်းရေ ထစမ်း ဟေ့ကောင်!!''
ဂျောင်ဆောင်းချန်ရဲ့ ခုနှစ်အိမ်ကြား
ရှစ်အိမ်ကြား အော်သံအဆုံးမှာတော့
ဝန်ဘင်း မထချင်၊ထချင်နဲ့
ထလိုက်ရတော့တာဘဲ။''၈နာရီကျော်နေပြီ ဟေ့ကောင်!
မနေ့က မေဂျာဆရာထိပ်ပြောင်အကြောင်း
မသိတာလည်းမဟုတ်''ဂျောင်ဆောင်ချန်းရဲ့စကားသံနောက်မှာ
အီဆိုဟီးရဲ့ ခပ်စွာစွာအသံက
ကပ်ပါလာတယ်။ထိပ်ပြောင်မေဂျာဆရာအကြောင်း
တွေးမိတာနဲ့ ပတ်ဝန်ဘင်းတို့
ရေချိုးခန်းထဲအပြေးသွားပြီးသား။မသွားလို့လည်းမရဘူး။ထပ်ပြီး
Assignment ဆိုလို့ကတော့ ဝန်ဘင်းလည်း
အဲ့ဆရာလိုထိပ်ပြောင်သွားလိမ့်မယ်။ပြင်လို့ဆင်လို့ပြီးသွားတော့
မနက်စာတောင်မစားနိုင်ဘူး။
ရေခဲသေတ္တာထဲက ကိတ်မုန့်အတုံးသေးလေး
တစ်တုံးကိုဆွဲပြီး ကျောင်းကိုအပြေးသွားရတယ်။အီဆိုဟီးနဲ့ဂျောင်ဆောင်းချန်ကတော့
ပြောရှာတယ်။ 'ခုမှရေးကြီးသုတ်ပြာနဲ့
ထိပ်ပြောင်မှာကြောက်နေပြီပေါ့'တဲ့သုံးယောက်သား ကျောင်းရောက်တော့
ဟောဟဲဆိုက်နေပြီ။
ဒါပေမယ့်လည်းတော်သေးတာပေါ့
အချိန်မှီလေးရောက်သွားတယ်။အတန်းထဲမှာလည်း လူအပြည့်။
ပထမဆုံးရက်နဲ့တင် တစ်မေဂျာလုံးလည်း
မေဂျာအတန်းချိန်ကိုပြေးမယ့် အစီအစဥ်ကို
ရေစက်ချအမျှဝေလိုက်ကြပြီထင်တယ်။နေရာမှာထိုင်ပြီး မကြာဘူး။
ထိပ်ပြောင်ဆရာက ပြုံးပြုံးကြီးရောက်လာတယ်။သူပြုံးတာကိုမြင်လိုက်ရတဲ့
အချိန် မဆီမဆိုင်အတွေးထဲရောက်လာတာက
မနေ့က သစ်ပင်ကြီးအောက်မှာတွေ့ခဲ့တဲ့
ကောင်လေး။ဝန်ဘင်းကိုလိုက်မယ်လို့ပြောခဲ့တဲ့
အရပ်ရှည်ရှည်ဂျူနီယာလေး။
အတွေးနဲ့အတူပြုံးလိုက်မိလို့ထင်တယ်။
ဂျောင်ဆောင်းချန်က ဝန်ဘင်းကို
တိုးတိုးလေးကပ်ပြောတယ်။''အဲ့ ထိပ်ပြောင်ပြောင်နဲ့ဆရာက
ချောလို့လား''တဲ့လေ။~~~
![](https://img.wattpad.com/cover/358099138-288-k409716.jpg)