''စီနီယာ!!''
အနောက်က ခေါ်သံကြားလို့ လှည့်ကြည့်တော့
အီချန်းယောင်း။
ခပ်မိုက်မိုက်ပုံစံနဲ့လက်လှမ်းပြပြီးတော့
ဝန်ဘင်းဆီသို့ ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်လာသည်။''Morning စီနီယာ...ဒီနေ့လည်းအများကြီးချစ်တယ်နော်။''
အပြောနဲ့အတူထုတ်ပေးလာတဲ့
ချိုချဥ်စုပ်လုံးလေး။ဝန်ဘင်းလှမ်းယူလိုက်ပြီး
စုပ်လုံးကိုအခွံခွာကာ ပါးစပ်ထဲထည့်လိုက်သည်။''အာ...စီနီယာကAnti Romanticဘဲ''
''Anti Romanticလားဘာလားတော့
မသိပေမယ့် mbtiကတော့ISTJလေ''စုပ်လုံးစုပ်ရင်းပြောလိုက်တော့
ထိုကောင်လေးက ခေါင်းတငြိမ့်ငြိမ့်။''ပုံမှန်ဆို လူတွေက တစ်စုံတစ်ယောက်က
သူတို့ကိုပစ္စည်းတစ်ခုခုပေးရင် သိမ်းထားတတ်ကြတယ်လေ။''''အဲ့တော့....သိမ်းထားစေချင်တာမျိုးလား?''
စုပ်လက်စချိုချဥ်ကို ပါးစောင်ဘက်ကို
ကပ်ကာ မေးလိုက်တော့
ခေါင်းခါပြလာတယ်။''ဟင့်အင်း...စီနီယာကTဆိုတော့ အဲ့တာမျိုးတွေ
မလုပ်လည်းရတယ်။ ကျွန်တော်ကစီနီယာ
ဘယ်လိုနေနေသဘောကျပြီးသားလေ...''မျက်လုံးတစ်ဖက်မှိတ်ပြီး ရွှတ်နောက်နောက်
ပြောလာတဲ့ ကောင်လေးကြောင့်
ဝန်ဘင်း ထိုကောင်စုတ်လေးကျောကုန်းကို
နှစ်ချက်လောက်ဆင့်ထုပေးလိုက်သည်။''မင်းကလေ တကယ်ဘဲ!!''
ဝန်ဘင်း ထုပြီးတာတောင်အပြုံးမပျက်တဲ့
ချန်းယောင်းကြောင့် သူကပင်ပြန်၍
ရှက်လာရသည်။''တော်ပြီ တော်ပြီ။ဒီနေ့ Presentationရှိတယ်။''
ဝန်ဘင်းကြာလာရင် ရဲလာမည့်သူ့နားရွက်ဖျား
တွေကြောင့် စကားလမ်းကြောင်း
ပြောင်းလိုက်ရသည်။မဟုတ်ရင် ဒီနေ့အဖို့ ကျောင်းရောက်မှာ
မဟုတ်တော့။''ဒါဆိုလည်းမြန်မြန်သွားကြမယ်လေ။
စီနီယာ့အတန်းအထိလိုက်ပို့ပေးမယ်...''ထိုသို့ဖြင့် ချန်းယောင်းက ဝန်ဘင်းအတန်း
ရှေ့ထိ လိုက်ပို့ပေးပြီး
Presentation ကောင်းကောင်းလုပ်ဖို့ကိုလည်း
ကလေးလေးတစ်ယောက်အလား
အထပ်ထပ်မှာတမ်းခြွေပြီးမှ
သူတို့အတန်းဘက်ကိုပြန်ထွက်သွားခဲ့သည်။