စီနီယာဟာ မနေ့က
ချန်းယောင်းနဲ့အတူကန်တင်းမှာ
နေ့လည်စာအတူလိုက်စားပြီးကတည်းက
ပျောက်ချက်သားကောင်းနေတာ
ယနေ့ နေ့လည်အထိပင်။အချစ်ရူးရူးနေတဲ့ ချန်းယောင်းခမျာလည်း
တစ်မနက်လုံးမတွေ့ရ၍ နေမထိထိူင်မသာ
ဖြစ်နေရသည်။
အခုလည်း တတိယနှစ်တွေရှိတဲ့
စာသင်ခန်းဘက်ကိုသွားချင်နေတာမှ ခြေထောက်ကိုယားလို့။အတန်းချိန်ကုန်ပြီဆိုတာနဲ့ လေအလျင်နဲ့
ပြေးထွက်လာလိုက်တာများ နောက်ကသူငယ်ချင်းဖြစ်သူ ဟုန်ဆွန်းဟန်၏
အော်သံကိုပင် လျစ်လျူရှူလျက်။အီချန်းယောင်းတစ်ယောက်
သူ၏စီနီယာဝန်ဘင်းကိုဘယ်လောက်တောင်
သည်းသည်းလှုပ်လည်း ငယ်သူငယ်ချင်းဖြစ်တဲ့
ဟုန်ဆွန်းဟန်အသိဆုံးပင်။
ထို့ကြောင့် သူ့ကိုတစ်ခွန်းအပြင်
ထပ်၍မအော်ခေါ်လာပေ။တတိယနှစ်တွေရှိသည့် စာသင်ခန်းဘက်ကို
ရောက်တော့မြင်ချင်သည့်မျက်နှာလေးကိုတော့
မတွေ့ပါ။သို့သော် စီနီယာ၏
သူငယ်ချင်းနှစ်ယောက်ကိုတော့တွေ့တာမို့
အပြေးသွားကာသတင်းမေးရသည်။''စီနီယာတို့...စီနီယာဝန်ဘင်း
ကျောင်းလာလားဗျ?''ချန်းယောင်း၏ အမေးကြောင့်
ထိုစီနီယာနှစ်ယောက်ထဲမှ အရပ်အနည်းငယ်ပုသည့်စီနီယာကပြန်ဖြေလာသည်။''ဝန်ဘင်းက မနေ့ညက မူးလဲလို့
ဆေးရုံတင်ထားရတယ်။''''........''
ချန်းယောင်းဦးနှောက်ထဲ
ဒိန်းခနဲသောအသံတစ်ချက်နဲ့အတူ
တုန်လှုပ်သွားရပြီး ပြောစရာစကားပင်
ရုတ်တရက် ပျောက်ရှသွားရသည်။''****ဆေးရုံ၊အခန်းနံပါတ်၆၀၁...
၁၁ထပ်မြောက်''စိုးရိမ်သွားမှန်းသိသာလွန်းသွားသည့်
သူ့ကြောင့်ထင်....။အရပ်ရှည်ရှည်နှင့်စီနီယာက
ပြောပြလာသည်။
ထိုစီနီယာ၏ စကားဆုံးသည်နှင့်
ချန်းယောင်းမှာ ကျေးဇူးတင်စကားပင်
မပြောနိုင်ဘဲ အပြေးတစ်ပိုင်းနှင့်
ဆေးရုံဆီသို့သွားရတော့သည်။အခုမှဘဲ စီနီယာ့ဖုန်းနံပါတ်ကို
တောင်းမထားမိခြင်းအပေါ်
ချန်းယောင်း နောင်တရနေသည်။
စီနီယာ့ကိုတိတ်တခိုးဆက်မချစ်တော့ဘဲ
အတည်တကျလိုက်မယ်လို့
စိတ်ဆုံးဖြတ်လိုက်ကတည်းက
အခုချိန်ကာလအတွင်း
ကျောင်းမှာသာတွေ့တာရှိသည်။ဖုန်းနံပါတ်ယူထားဖို့ကိုတော့ လုံးလုံးမေ့နေခြင်း....။