"ဖြောင်း...ဖြောင်း...ဖြောင်း"
အခန်းငယ်အတွင်းလက်ခုပ်တီးသံများထွက်ပေါ်လာသည်။ ဒါဟာ တစ်ခုခုအောင်မြင်သွားလို့ ဂုဏ်ပြုရင်တီးသည့်လက်ခုပ်သံမျိုး။ထို့ပြင်အခန်းထဲက လူအချို့သည်လည်း အလွန်ပျော်ပါးနေလေသည်။"ကျွန်တော်တို့ကို ယခုလိုအများကြီးsupport ပေးလို့ကျေးဇူးတင်ပါတယ် မမမိုး ကျွန်တော်လည်းမမမိုး support ပေးတာနဲ့တန်အောင် အစွမ်းကုန်ကြိုးစားသွားပါမယ်"
ဒီစကားဟာ မြန်မာနိုင်ငံ miss pageantry တစ်ခုဖြစ်သည့် Miss Grand Myanmar ၏National Director ကိုထူး (ခေါ်) ကိုထူးအံ့လွင်၏ အသံပင်ဖြစ်ပေသည်။သူ၏မျက်နှာချင်းဆိုင်တွင် မြန်မာနိုင်ငံ၏ထိပ်တန်း cosmetic ကုမ္ပဏီတွေထဲက တစ်ခုဖြစ်သော Moe Aura ကုမ္ပဏီ၏ CEO မမကြီး မမြင့်မြတ်မိုး။
အများလူတကာအပေါ် ဩဇာညောင်းလှပါသော မမမိုး။
ပုရိသတွေမက ဣတ်ထိယတွေပါ ကြွေခါသက်ဆင်းခံရသူပင်ဖြစ်ပေသည်။"ကျွန်မယုံကြည်ပါတယ် ကိုထူး။ ကျွန်မအခုလို စာချုပ်ချုပ်လိုက်တယ်ဆိုတာလည်း ကိုထူးရဲ့စွမ်းဆောင်ရည်ကိုယုံလို့ပါ။ မြန်မာနိုင်ငံရဲ့miss pageant လောကကိုလည်း ဒီထက်ပိုအဆင့်မြင့်အောင် ကိုထူးကကြိုးစားပေးပါဦး"
"ဟုတ်ကဲ့ပါ မမမိုးရယ်။ကျွန်တော်ပြောလို့ပြောတာမဟုတ်ဘူး ဒီတစ်ခေါက်ကတကယ်အတော်တွေများတာ မမမိုးစိတ်ကျေနပ်မှာပါ"
"ဟား ဟား ကိုထူးကတော့နောက်ပြီ ကျွန်မကြိုက်ဖို့မလိုပါဘူးရှင် ပရိတ်သတ်အကြိုက် နောက်ပြီးမြန်မာ့ဂုဏ်ကိုတကယ်ဆောင်ပေးနိုင်တဲ့ လူဆိုအဆင်ပြေပါပြီရှင်"
"ဟုတ်ကဲ့ပါ မမမိုး။မမမိုး ဒီလောက်တောင် support ပေးထားတာပဲ ကျွန်တော် မမမိုးနောင်တမရအောင်ကြိုးစားသွားပါမှာ"
"ကောင်းပါပြီ ကိုထူး။ဒါဆိုကျွန်မကိုသွားခွင့်ပြုပါဦး ကျွန်မကုမ္ပဏီမှာကိစ္စလေးတွေရှိနေလို့"
"ဟုတ်ကဲ့ မမမိုး။ကျွန်တော်အောက်ထိလိုက်ပို့ပေးပါမယ်"
"နေပါစေ ကိုထူး။ဒီမှာကျွန်မရဲ့စကတ်ထရီလည်းရှိနေတာပဲ ကိုယ့်ဟာကိုယ်ပဲပြန်လိုက်ပါမယ်"
YOU ARE READING
ငဂျစ် သို့မဟုတ် အချစ်
Fanfictionရင့်ကျက်တည်ငြိမ် မမမိုးနဲ့ ပတ်ရစ်ချွဲပြစ် သဲသဲလေးတို့ ဆုံကြသောအခါဝယ်....