ဒီနေ့တော့မိုးသည် ကုမ္ပဏီမှာ meetingထိုင်ပြီး MGMကmailပို့လိုက်သော missတစ်ယောက်ချင်းစီရဲ့ introducing video တွေနဲ့အတူ သူတို့ရဲ့ပုံလေးတွေအား brand ambassadorခန့်ရန်ကြည့်နေမိသည်။
တကယ်ပဲ ဒီနှစ်မယ်တွေကတအားလှကြတာ လှပုံလှနည်းမတူကြပေမယ့် အလှကိုယ်စီရှိကြတယ်ဆိုပြီးမိုးစိတ်ထဲတွေးမိသည်။
မြို့နယ်အစုံ အစဉ်လိုက်ကြည့်ပြီး တစ်စုံတစ်ယောက်အလှည့်ရောက်တော့မိုး စိတ်ဝင်တစားဖြင့်ခဏ ခဏပြန်ကြည့်နေမိသည်။အော်...သူလေးကတောင်ငူမယ်လေးတဲ့လား။စကားပြောပုံတွေရော အမူအရာတွေကပါ ထက်မြက်သွက်လက်နေလိုက်တာများ။ရုပ်လေးကလည်းတကယ်သက်ရှိဘာဘီရုပ်လေး။ခန္ဓာကိုယ်သေးသေးလေးနဲ့ တကယ်အမှန်အကန်ကိုချစ်ဖို့ကောင်းလွန်းသည်။အသက်လည်းကိုယ့်ထက်၁၇နှစ်နဲ့ ခါးသေးသေးသွယ်သွယ်။ဒီတစ်ယောက်ကိုတော့ ဘာပဲဖြစ်ဖြစ် မိုးအကြိုက်ဆုံးစာရင်းထဲထည့်ထားမိသည်။
ကုမ္ပဏီက စာရင်းတွေစစ်ပြီး ခဏလောက်မှိန်းနေတုန်း MGM NDဆီမှာဖုန်းဝင်လာသည်။
"ဟယ်လို မြင့်မြတ်မိုးစကားပြောနေပါတယ်""ဟုတ်ကဲ့မမမိုး ကျွန်တော်ထူးအံ့လွင်ပါ မမမိုးစီပုံတွေပို့လိုက်တာရောက်မရောက် လှမ်းမေးတာပါ"
"ဟုတ်ကဲ့ ကိုထူး ရောက်ပါတယ် ခုနကတောင်ကျွန်မကြည့်နေတာ အကုန်ဒိတ်ဒိတ်ကြဲတွေပဲနော် ကိုထူးတော့ဒီတစ်ခေါက်ရွေးရခက်ပြီ"
"ဟုတ်ပါ့ မမမိုးရေ ဒီနှစ်ကအကုန်တော်ကြတယ် ဒါနဲ့မမမိုးရောအကြိုက်တွေ့လားမသိဘူး"
"အကုန်လုံးတော့အလန်းတွေကြီးပဲ ဒါပေမယ့်ကျွန်မတွေ့ထားတာတော့တစ်ယောက်ရှိတယ် တောင်ငူမယ်လေးလေ"
"ဟော မမမိုးတို့ကတော့ အတော်တကအတော်ဆုံးလေးကိုရွေးလိုက်တာပါလား ဟုတ်တယ်ဗျ အဲ့ကလေးမလေးကတကယ်တော်တာ ဒိုင်တွေရော ကျွန်တော်ရော ပရိတ်သတ်တွေကပါ အဲ့ကလေးမလေးကိုသိပ်ကြိုက်နေကြတာ"
"ဟုတ်တယ် ကိုထူး သူလေးကိုတော့ brand ambassador ခန့်ဖို့တော့ယာထားတယ် ကျန်တဲ့သူတွေကိုလည်းကျွန်မတစ်ချက်ကြည့်ဦးမှာပါ အတည်ကြီးတော့မဟုတ်သေးဘူး"
YOU ARE READING
ငဂျစ် သို့မဟုတ် အချစ်
Fanfictionရင့်ကျက်တည်ငြိမ် မမမိုးနဲ့ ပတ်ရစ်ချွဲပြစ် သဲသဲလေးတို့ ဆုံကြသောအခါဝယ်....