" မင်းမျက်နှာကဘာဖြစ်သွားတာလဲတည်ကြည် ကောင်ငယ်လေးကအဆင်ပြေသွားပြီကွ "
ကျွန်တော်မှာရှိန်းပြောလာမဲ့စကားတွေကိုယ်ရင်တစ်မမနဲ့ ဘာများဖြစ်မလဲဆိုပြီးတော့ အခုအဆင်ပြေတယ်ကြားရတော့မှာ မတ်တတ်ရပ်နေတဲ့ကျွန်တော်ခြေထောက်တွေခွေခွေပြုတ်ကျပြီး ယောက်ကျာ်းတန်မဲ့မျက်ရည်တွေကျနေမိခဲ့တယ် ဗိုက်ခလေးခွဲခန်း၀င်ထဲ့က ခွဲခန်းရှေမှာမတ်တတ်အကြာကြီးရပ်ခဲ့တာကြောင့် အခုတော့ကျွန်တော်ရင်အေးနိုင်ခဲ့ပြီ ဒါပေမဲ့မတွေ့ရသေးတော့စိတ်မချနိုင်သေးဘူး
" တကယ်အဆင်ပြေရဲ့လားကွာ ငါဗိုက်ခလေး "
" အရမ်းကြီးတော့မဟုတ်သေးဘူး အခုကောင်လေးကဆေးအရှိန်နဲ့သုံးရက်လောက်မှသတိပြန်ရနိုင်တယ် ဒါပေမဲ့အဲ့သုံးရက်အတွင်သတိမရလာရင်တော့ နောက်ထက်နိုးလာဖို့မရှိတော့ဘူးသူငယ်ချင်းဒါကြောင့်ဒီသုံးရက်အတွင်ကောင်လေးအနားမှာနေပေးပါ ငါလဲရှိနေမှာပါ "
" ...... "
" အခုကောင်လေးကိုယ်သီသန့်အခန်းထဲ့ကိုယ်ပိုတော့မလို့မင်းလိုက်ခဲ့ချင်လား "
" အွန်းငါလိုက်မယ် "
" ပြီးတော့ငါမေးစရာတစ်ခုရှိသေးတယ် "
"..... "
" မင်းကောင်လေးကိုယ်ချော်လဲတဲ့နေရာကနေခေါ်လာတာလား "
" ဘာဖြစ်လို့ "
" ကောင်လေးကချော်လဲထားတာကွ ကံကောင်းချင်တော့ ကိုယ်၀န်ကမပြတ်ကျတော့ပဲ ကလေးတွေကလမစိပဲမွေးသလိုဖြစ်သွားတာ "
ချော်လဲသွားတာ ကျွန်တော်လဲမသိရပါလား နေ နေအုံးဗိုက်ခလေးကိုယ်တွေ့တော့ကုတင်ဘေးနားမှာထိုင်ရပ်လေး သူအောက်ပိုင်းကလဲသွေးတွေအများကြီးဆိုတော့ ဒါဆို
" သူကုတင်ပေါ်ကဆင်းပြီးပြုတ်ကျသွားတာများလား "
" ဖြစ်နိုင်ချေရှိတယ် ပြီးတော့မင်းတို့အတူနေထားတော့ကောင်လေးကညမအိပ်ရပဲမူးလဲသွားတာ နောက်ဆိုဆင်ချင်ပေါ့ကွာ "
"..... "
" ကဲ့ပါရှက်မနေနဲ့တော့ကောင်လေးစီသွားရအောင် "
YOU ARE READING
ဂုဏ် တည်
Fantasyဂုဏ်သိက္ခာဆိုတဲ့ကျွန်တော်က ဟော့ဒီကတည်ကြည်ငြိမ်းချမ်းဆိုတဲ့ သမီးလေးတွေရဲ့ဖေဖေကိုယ်အရမ်းချစ်ပါတဲ့ဗျာ တည်ကြည်ငြိမ်းချမ်း +ဂုဏ်သိက္ခာ ဒီFicကိုစာရေးသူရဲ့စိတ်ကူးနဲ့ရေးထားချင်ဖြစ်ပါတယ် နမည် နေရာဒေသတူညီသွားခဲ့ပါက စိတ်ကူးသာဖြစ်ကြောင်း