သင်္ကြန် အကြိုနေ့
မြန်မာတွေအတွက် အထူးမြတ်ထားရာနေ့တနေ့ဆိုလဲမမှားပါဘူး
" ကလေးတွေမုန့်လုံးရည်ပေါ်ဝေနေတယ်တဲ့ အမြန်ပြေးကြမရပဲနေလိုက်မယ် "
" ရေးးးးမုန့်လုံးရည်ပေါ်သွားယူမယ်ကွ "
မြန်မာတွေရဲ့အားထက်သန်မူကတော့ဘာနဲ့မှမတူ ဟိုမှာလဲမုန့်ဝေဒီမှာလဲစတုဒီသာကျွေးနဲ့ရေကစားတဲ့ကလေးတွေမှာရေတောင်ဆော့ဖို့အချိန်မရှိလောက်အောင်ပင်
အဲ့အထဲ့မှာလဲ ကျွန်တော်ရဲ့အမျိုးသားလေးဂုဏ်သိက္ခာကမပါမဖြစ်ပေါ့ အခုလဲပြောက်သွားပြန်ပြီ
" ဒီကလေး ဘယ်ရောက်သွားပြန်လဲမသိပါဘူး ပြန်လာမှကောင်းကောင်းရိုက်ပြစ်အုံးမယ် "
" မင်းကိုယ်ကအဖြစ်သည်းနေတာ သူပါသူပျော်ပါစေ "
" မင်းမသိပါဘူးရှိန်းရယ် သူအရမ်းဆိုးနေတာငါပဲသိတယ် ကလေး၅ယောက်ကိုမထိန်းရဘူး သူပဲလိုက်ထိန်းနေရတယ် ငါပဲလားဆိုမဟုတ်ဘူး ကလေး၅ယောက်ကပါ သူတို့မေမေကိုယ်လိုက်ထိန်းနေရတာ "
" ဖြစ်ရမယ် ဖြစ်ရမယ် "
" တအောက်နေလို့မှပြန်မရောက်လာသေးဘူးဆိုရင် ကျောင်းကကြိမ်းလုံးကသူအတွက်ပဲ "
" မလုပ်ပါနဲ့ကွာ "
ထိုအချိန်တွင်
! ယောက်ကျာ်းရေးးးးး "
" လာပြီ ကိုယ်လာပြီ "
မပြေးယုံသမယ်ထွက်သွားတဲ့ဆရာသမား ပြောလိုက်ရင်ဘာလုပ်မယ် ညာလုပ်မယ်နဲ့ အခုတော့ဟိုကယောက်ကျာ်းရေဆိုတာနဲ့သူမှာပျာနေတာ
" အော်အပြောနဲ့အလုပ်ညီတယ်နော် "
" မင်းကလဲ သူက ကလေးပဲရှိသေးတာကိုယ် "
" အော်အေးအေး "
" ယောက်ကျာ်းရေဆို "
" ငါသွားလိုက်အုံးမယ်သူခင်မျာ မုန့်တိုးပြီးပြန်လာရတာမောနေရှာမှာ ဒါကြောင့်မင်းကအိမ်ပေါ်တတ်ပြီးရေတစ်ခွက်လောက်သွားခပ်ပေးပါလား "
" အော် ဟုတ်ကဲ့ ကြွပါ "
" အေးအေး ကိုယ်လာပြီ "
YOU ARE READING
ဂုဏ် တည်
Fantasyဂုဏ်သိက္ခာဆိုတဲ့ကျွန်တော်က ဟော့ဒီကတည်ကြည်ငြိမ်းချမ်းဆိုတဲ့ သမီးလေးတွေရဲ့ဖေဖေကိုယ်အရမ်းချစ်ပါတဲ့ဗျာ တည်ကြည်ငြိမ်းချမ်း +ဂုဏ်သိက္ခာ ဒီFicကိုစာရေးသူရဲ့စိတ်ကူးနဲ့ရေးထားချင်ဖြစ်ပါတယ် နမည် နေရာဒေသတူညီသွားခဲ့ပါက စိတ်ကူးသာဖြစ်ကြောင်း