1

1.6K 132 66
                                    

ယခုအချိန်တွင် ‌ဒုတိယတန်းစားသရုပ်ဆောင်မင်းသမီးတစ်‌ဦးဖြစ်သူ ဆောဂျီအန်းမှာ အခန်းအလယ်တွင်ထိုင်ကာ အင်တာဗျူး‌ေဖြဆိုနေခဲ့သည်။

အင်တာဗျူးသူက သူမကို နောက်ထပ်မေးခွန်းတစ်ခုမေးလိုက်သည်။

"ဂျီအန်းအနေနဲ့ လက်တွေ့ဘ၀မှာရော  ဘယ် နာမည်ကျော်တွေနဲ့ ရင်းနှီးသလဲဆိုတာ ပရိတ်သတ်ကြီး သိအောင် ဖြေကြားပေးပါဦးဗျ"

"အာ...ရင်းနှီးတဲ့သူဆိုရင်တော့ ကျွန်မက တော်တော်များများနဲ့ ခင်ပါတယ် လက်တလော ဇာတ်ကားထဲမှာ ကျွန်မရဲ့အစ်မအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး ဟုန်မင်ဂျီနဲ့‌ေတာ့ အားရင်အားသလို တွေ့ဖြစ်ပါတယ် "

"အမျိုးသားသရုပ်ဆောင်တွေထဲကဆိုရင်ရော ဂျီအန်းနဲ့ရင်းနှီးတဲ့သူဘယ်သူများရှိလဲ"

ထိုမေးခွန်းကိုကြားလိုက်ရတဲ့အခါ သူမက ဖြေဆိုဖို့အနည်းငယ်တွန့်ဆုတ်သွားပုံ‌ေပါ်သည်။

"...ဒီစကားကိုပြောလို့ဖြစ်မလားမသိပေမဲ့ စီနီယာဆောင်းဟွန်းက ကျွန်မလက်ရာကို‌ကောင်းတယ်ပြောလို့ သူ့အတွက် အမြဲလိုလိုချက်ကျွေးဖြစ်ပါတယ်"

သူမက ထိုစကားပြောပြီးနောက် မျက်နှာလေးက အနည်းငယ်ရဲသွားပြီး ဆံပင်ကို နားရွက်‌ေနာက်သို့ညှပ်လိုက်သည်။

Lighting ကောင်းကောင်းချိန်ထားတာကြောင့် နူးညံ့သော မျက်နှာပေါ်တွင် ရှက်သွေးဖြာနေတာကို သိသာစွာမြင်နေရသည်။

အင်တာဗျူးသူက အတွေ့အကြုံရှိသူပီပီ ပြုံးလိုက်ပြီး စကားဆက်လိုက်သည်။

"ဒါဆိုရင်တော့ ဂျီအန်းက ရုပ်ရှင်ဧကရာဇ်ဆောင်းဟွန်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြောင်း အတည်ပြုလိုက်ပြီပေါ့"

"ဒါက...ကျွန်မတို့က Company တစ်ခုတည်းက အနုပညာရှင်တွေမို့လို့ပါ စီနီယာက ကျွန်မတို့အပေါ် အရမ်းကောင်း‌ေပးပါတယ်"

Interviewer က ဆက်လက်ပြီးနက်နက်ရှိုင်းရှိုင်းမတူးဖော်တော့ဘဲ နောက်ထပ်မေးခွန်းခေါင်းစဉ်တစ်ခုကိုပြောင်းလိုက်သည်။

အင်တာဗျူးသူအနေနှင့် ဆက်လက်ပြီးမေးမြန်းနေဦးမည်ဆိုလျှင် အနုပညာလောက၏ မကောင်းဆိုးဝါးဘုရင်ကြီး၏ ဒေါသကို လှုံ့ဆော်မိမှာကိုကြောက်ရွံ့နေသည်။

𝘾𝙤𝙢𝙚 𝙃𝙚𝙧𝙚! 𝘽𝙖𝙗𝙚Where stories live. Discover now