"မဟုတ်ပါဘူး သေချာပေါက် ကျွန်တော့်ဘက်က ကျေးဇူးပြန်ဆပ်မှာပါ""ဒါပေါ့ ကျေးဇူးပြန်ဆပ်ရုံနဲ့တော့မပြီးသေးဘူး ကိုယ်ကအရမ်းအလုပ်များတဲ့လူမို့ မင်းက ကိုယ့်ရဲ့အချိန်တွေတော်တော်များများကို အလဟသဖြစ်အောင် ဖြုန်းတီးလိုက်တဲ့အတွက် ပြန်ေလျာ်ပေးရမယ်
နောက်တစ်ချက်က ရုပ်သံဌာနကနေ ဆေးရုံထိ မင်းတစ်ကိုယ်လုံးကို ပွေ့ချီလာပေးရတဲ့အတွက်လဲ ကိုယ့်ကိုနစ်နာကြေးပေးရမယ်
ဪ အရေးအကြီးဆုံးတစ်ခုကိုမေ့တော့မလို့ တော်သေးတယ်
နောက်ဆုံးတစ်ခုက မင်း သတိမမေ့ခင်တုန်းက ကိုယ့်နှုတ်ခမ်းကို နမ်းမိသွားပြီး ကိုယ့်ဆီက အနမ်းတစ်ခု ခိုးသွားတယ် အဲ့ဒီ့တော့ ခိုးသွားတဲ့အနမ်းအတွက် ပြန်အေလျာ်ေပးရမယ် ဒါတင်မကသေးဘူး အနမ်းခိုးခံလိုက်ရတဲ့ ကိုယ့်အတွက်စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးပေးဖို့ကိုလဲ မမေ့ပါနဲ့
ကျန်တာတွေတော့ ထည့်မပြောတော့ပါဘူး မင်းကိုသနားကို ဒီလောက်နဲ့ပဲလျှော့ပေးလိုက်ပါတော့မယ် အခုပြောသွားတာတွေကိုမရှင်းတာရှိလား"
ဂျယ်ယွန်း ဆွံ့အလျက် ထိုသူ့အား မယုံနိုင်စွာဖြင့် လှည့်ကြည့်ရင်း စိတ်ထဲကနေအော်နေမိသည်။
*မရှင်းတာရှ်ိလား ဟုတ်လား ရှိတာပေါ့ သိပ်ကိုရှိတာပေါ့ဗျ
အကုန်လုံးကိုမရှင်းဘူးသိရဲ့လား*ဂျယ်ယွန်း ဆောင်းဟွန်းကိုသာ မျက်လုံးေလးပြူးကာ ကြည့်မိနေပြီး ပြန်ဖြေလိုက်သည်။
"ခဏ...ခဏနေပါဦး ခင်ဗျားပြောသွားတဲ့အထဲမှာ အသက်ကယ်ပေးတာနဲ့ အချိန်ဖြုန်းမိတာတော့ နားလည်ပါပြီ ပွေ့ချီတယ်ဆိုတာက ခင်ဗျား ကျွန်တော့်ကို ဆေးရုံထိပွေ့ချီလာတယ်လို့ပြောချင်တာလား"
"ဟုတ်တယ်လေ မင်းသမီးလေးလိုပွေ့လာတာ"
ဂျယ်ယွန်း နှုတ်ခမ်းက မဲ့သွားပြီး ဆောင်းဟွန်းအားစိုက်ကြည့်လိုက်သည်။
"အရေးပေါ်ကားခေါ်ပေးရင်ရရဲ့သားနဲ့ဗျာ"
"ကိုယ်လဲ အခုလိုတခါမှမကြုံဖူးလို့ ပွေ့ချီလာလိုက်တာလေ လူတွေမြင်မှာစိတ်ပူလို့လား စိတ်မပူပါနဲ့ ဆေးရုံက၀န်ထမ်းတွေပဲမြင်သွားတာပါ"
YOU ARE READING
𝘾𝙤𝙢𝙚 𝙃𝙚𝙧𝙚! 𝘽𝙖𝙗𝙚
Fanfictionအလွန်ရှက်တတ်တဲ့ အဆိုတော်ပေါက်စလေးနဲ့ အလွန်အရှက်မဲ့တဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသားရဲ့ကြားက ဆက်ဆံရေးဟာ နည်းနည်းတော့ရှုပ်ထွေးကောင်းရှုပ်ထွေးနိုင်ပါတယ် ပတ်ခ်ဆောင်းဟွန်းက ဂျယ်ယွန်းငိုတဲ့ထိအနိုင်ကျင့်ရတာကိုနှစ်သက်သူဖြစ်ပြီး ဂျယ်ယွန်း မျက်ရည်မြင်ရင် မနေနိ...