13

501 80 43
                                    

ညအမှောင်တွင် လရောင်က ထွန်းလင်းနေပြီး ကောင်းကင်တစ်ခွင်လုံးက ကြယ်ရောင်စုံလို့နေသည်။

Aကျွန်း၏ တုနှိုင်းမရသော ညရှုခင်းအောက်၀ယ် လူရိပ်နှစ်ခုက ကမ်းခြေအနီးချဉ်းကပ်လို့လာသည်။

ည‌ေမှာင်‌ေမှာင်၏ ‌လရောင်အလင်းအောက်တွင် အသေအချာကြည့်မည်ဆိုလျှင်တော့ ထိုသူနှစ်ဦးမှာ တခြားသူမဟုတ်ဘဲ ဂျယ်ယွန်းနှင့် ဆောင်းဟွန်းဖြစ်ကြောင်းသိနိုင်သည်။

မှန်ပေ၏။

တခြားသောရိုက်ကူးရေးအဖွဲ့သားများအလုပ်ရှုပ်နေစဉ်တွင် ဆောင်းဟွန်းမှာ ဂျယ်ယွန်းအားခေါ်ထုတ်၍ နှစ်ဦးတည်းထွက်လာခဲ့ခြင်းပင်။

သူတို့၏ MV ရိုက်ကူးရေးက အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်တာမို့ ဒီရက်တွေအတွင်း ဂျယ်ယွန်း ကြိုးစားခဲ့သမျှ အပန်းပြေပျောက်စေရန် ဆောင်းဟွန်းမှာ A ကျွန်း၏ ညရှုခင်းအလှအား တကူးတက ခေါ်လာပြခြင်းဖြစ်သည်။

ပင်လယ်ရနံ့ပါ‌ေသာ လတ်ဆတ်သည့် လေညှင်းသဲ့သဲ့က သူတို့နှစ်ဦးအနား လူးလာကျီစယ်လျက်ရှိ၏။

နှစ်ဦးသားမှာ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးအား ငေးကြည့်လျက် ကမ်းခြေတစ်လျှောက် ဖြည်းညှင်းစွာလျှောက်လမ်းလို့လာ
သည်မှာ သဲသောင်ပြင်ထက်၀ယ် ခြေရာနှစ်စုံထင်ကျန်လျက်ရှိစေသည်။

ဂျယ်ယွန်းမျက်၀န်းတွေက လှပကျယ်ပြောလှသော ပင်လယ်ကြီးအား ဦးတည်ရာမဲ့‌ငေးနေမိပြီး ဆောင်းဟွန်း၏ အကြည့်တွေကတော့ ဂျယ်ယွန်းထံမှ အနည်းငယ်မျှရွေ့မသွားပေ။

ဆောင်းဟွန်းမှာ နံဘေးမှလူ‌ငယ်လေးအားကြည့်ရင်း ရင်ထဲတွင်ကြိတ်လျက်သက်ပြင်းချမိ၏။

ဂျယ်ယွန်းမှာ သူ့အနားတဖဝါးအကွာတွင် ရှိနေသော်ငြား သူတို့နှစ်ဦးသား အလွန်ဝေးကွာနေဟန်ပေါ်သည်။

လူရည်လည်‌ေသာ ဆောင်းဟွန်းခံစားမိသလောက်ဆိုလျှင် ဂျယ်ယွန်းတစ်ယောက်ဟာ MV ရိုက်ကူးရေးပြီးကတည်းက စိတ်နဲ့လူနဲ့မကပ်သလို ငိုင်နေခြင်းဖြစ်သည်။

သူ့အကြည့်တွေက ဗလာဖြစ်နေပြီး ခံစားချက်တွေရှုပ်ထွေးနေဟန်ပေါ်တာကြောင့် ဆောင်းဟွန်းဟာအလိုက်သိစွာနဲ့ ငြိမ်နေပေးရင်း ကောင်လေးကိုစိတ်ပူနေမိသည်။


𝘾𝙤𝙢𝙚 𝙃𝙚𝙧𝙚! 𝘽𝙖𝙗𝙚Where stories live. Discover now