ဒိုယောင်း သူ့ရှေ့က နှစ်ယောက်ကို မသိမသာ အကဲခတ်နေမိသည်။
ဒီနေ့ အလုပ်ကိစ္စတချို့ အပြီး ထမင်းစားချိန်မှာ ဂျယ်ဟျွန်းရဲ့
အတွင်းရေးမှူး က သူနဲ့စကားဆုံေတာ့ နေ့လည်စာအတူစားဖို့ ဖိတ်ခေါ်ရင်းဂျယ်ဟျွန်းပါ အတူရောက်လာကာ စားသောက်ဆိုင်တခုတွင်
စားဖြစ်နေကြတာဖြစ်သည် သူ့မျက်နှာချင်းဆိုင်မှာ နှစ်ယောက်က
ဘေးချင်းကပ်ထိုင်နေတာဖြစ်တာကြောင့် ဘာပဲပြောပြော
ကြားနေရပြီး ဘာပဲလုပ်လုပ် တိုက်ရိုက်မြင်နေရသည်
အလုပ်ချိန်တုန်းက နှစ်ယောက်ကြားက ဆက်ဆံရေးနဲ့ အပြင်ဆက်ဆံပုံဟာ မတူညီစွာ
ရှိနေတာကို သူအစကတည်းက သိပေမယ့် ဒီနေ့ ပိုပိုသာသာသတိထားလိုက်မိတော့ သူ့ရဲ့စိတ်အတွင်းပိုင်းဟာ
ပူတက်လာသလိုပင်။သူ ရမ်းသမ်းကောက်ချတ်ချတာ မဟုတ်ပေမယ့် သေချာပေါက်အလုပ်ရှင်နဲ့၀န်ထမ်း ဆိုတဲ့ ဆက်ဆံရေးထက်ပိုတဲ့ ဆက်ဆံရေး
တခုခုမှာ ရှိနေတယ်ဆိုတာ ..
သူ ခေါင်းကိုအသာခါရင်း စားနေတာကို အာရုံစိုက်ဖို့ပြင်ရသည်
ပြည့်တက်လာပုံရတဲ့ ခံစားချက်တွေကြောင့် ထမင်းတောင်
မြိုမကျချင်တော့ ။"အယ် Doyoung shi ထမင်းရော စားလို့ အဆင်ပြေရဲ့
လား ""အာ ဟုတ် ပြေပါတယ် "
ထိုစဉ်မှာပဲ ဂျယ်ဟျွန်းက ခွာထားတဲ့ ပုစွန်တချို့ကို သူ့ဘေးက
အတွင်းရေးမှူးဆီ တိုးပေးလိုက်တာကို သူမြင်လိုက်ရသည်" ဟဲဟဲ ကျေးဇူးပဲ oppa နောက်လည်း များများ ခုလို လောင်း
ကြေးရှုံးပြီး ပုစွန်များများခွာပေးရပါစေ "" စကားမများနဲ့ ထမင်းသေချာစား"
ထိုမိန်းကလေးက သူ့ဘက်လှည့်ကြည့်လာကာဖြင့်လောကွတ်ပြု
ပြန်သည် ဒီမိန်းကလေးကြည့်ရတာ သူနဲ့ ဂျယ်ဟျွန်းကြားက
အေးစက်စက်အလွှာကို သက်တောင့်သက်တာဖြစ်အောင်
ကြိုးစားပေးနေပုံနဲ့တောင် တူပြန်သည်
သူ့အတွေးနဲ့သူတွေးရင်း တစ်ဖက်လူကို သတိလက်လွတ်ကြည့်မိ
တော့ ထိုသူက သူ့ကို အေးစက်စက် အကြည့်တချို့ ပြန်ပေးသည်"..."
တကယ်ကြီးကို သူ့ကို အနှစ်နှစ်အလလက ရန်သူကြီးလို
သဘောထားနေတာပဲ!
YOU ARE READING
𝗧𝗿𝘆 𝗔𝗴𝗮𝗶𝗻 [𝗝𝗮𝗲𝗱𝗼]
Fanfiction"ဘယ်လိုလုပ်ရပါ့မလဲ ကျွန်တော်တော့ ခင်ဗျားမှခင်ဗျားဖြစ်နေပြီထင်ပါတယ်"