"တော်တော်မှ တရားရဲ့လား ! ဟင်?! နင်က နင်လုပ်ချင်တာ
တွေ အမြဲလုပ်နေပြီး ငါ့ဘက်တစ်ချက်တောင်မကြည့်ပဲ
ငါ့အတွက်လို့ ပြောနေသေးတယ်? နင်သိပ်တကိုယ်ကောင်းမဆန်
ဘူးလား""နင်သတ်မှတ်ချင်သလို သတ်မှတ်လိုက် "
TV ထက်က ဇာတ်လိုက် မင်းသားနဲ့ မင်းသမီး ကို သူတစ်ချက်
ကြည့်လိုက်ရင်း သည်းမခံနိုင်စွာ ပိတ်ချလိုက်ကာ
ခေါင်းကို sofa ထက် လှန်ချမိသည်အဲ့ဒီ ခပ်တိုးတိုး ငိုရှိုက်သံလေးက ခုထိ သူ့နားထဲက မထွက်
သူ စိတ်မထိန်းနိုင်ပဲ နေမကောင်းဖြစ်နေသူကို
ဒေါသထွက်ခဲ့မိကာ အပြေးထွက်လာခဲ့ပေမယ့် သူ့ရဲ့ ဖုန်းကျန်
ခဲ့တာကို သတိရပြီး သွားယူရင်း လေထုကို ပြန်လည်အဆင်ပြေ
အောင် လုပ်ဖို့ ကြံစည်ခဲ့ပေမယ့်ငိုနေခဲ့တာကို ကြားခဲ့ရတာ ..
နောက်ပြီး Kim Jung woo ပြောတဲ့ စကားတွေကပါ
သူ့နားထဲ ရောက်လာခဲ့သည်"ဪ အဲ့Jeong Jaehyun ဆိုတာ ခင်ဗျားပေါ့
ခင်ဗျားတို့ ကြား ဘာဖြစ်ခဲ့လဲ ကျွန်တော်လည်း မသိပါဘူးး
ဒါပေမယ့် ခင်ဗျားက မေးလို့ ကျွန်တော်ပြောပြတာနော်
နောက်ပြီး ဒီတိုင်း ဒိုယောင်းဟျောင်းက ဘာမှမဖြစ်ပဲနေခဲ့တာ
မဟုတ်ဘူးဆိုတာလည်း သိစေချင်လို့ပါ ဒိုယောင်းဟျောင်းက
အဲ့နှစ်က အဲ့နေ့ ခင်ဗျားတို့အပြောအရ လမ်းခွဲပြီးတော့
ဒိုယောင်းဟျောင်းက မိုးေရထဲက ပလက်ဖောင်းတခုပေါ်မှာ
ထိုင်ပြီး ငိုနေခဲ့တာ အဲ့တုန်းက ကျွန်တော်နဲ့ တွေ့ခဲ့တာပဲ"
YOU ARE READING
𝗧𝗿𝘆 𝗔𝗴𝗮𝗶𝗻 [𝗝𝗮𝗲𝗱𝗼]
Fanfiction"ဘယ်လိုလုပ်ရပါ့မလဲ ကျွန်တော်တော့ ခင်ဗျားမှခင်ဗျားဖြစ်နေပြီထင်ပါတယ်"