Unicode
တစ်ရွေ့ရွေ့သွားနေတဲ့ကားလမ်းမထက်။
ကားနီလေးတစ်စီးကတော့ သီချင်းသံတွေဆူဆူညံညံနဲ့ ပြေးလွားနေသည်။
ရှိုင်းကတော့ ကားရှေ့ခန်းက တွန့်လိမ်နေတဲ့၂ယာက်ကိုကြည့်လိုက်သည်။
သူတို့ မကြာခင်က ဆုတစ်ခုပေါက်လို့ ခရီးထွက်ကြခြင်း။ရှိုင်းရဲ့သူငယ်ချင်း ခန့်သူက မကြာခင်က ကုမ္ပဏီတစ်ခုရဲ့ နှစ်ပတ်လည်ပြိုင်ပွဲကိုဝင်ပြိုင်ခဲ့သည်။
ထို့ပြိုင်ပွဲမှာအနိုင်ရသူက မဖွင့်ရသေးတဲ့ JoJo island လို့ခေါ်တဲ့ကျွန်းကို ဦးဦးဖျားဖျားလယ်ပတ်ရမှာဖြစ်သည်။
ခရီးစဉ်နာမည်က The Happy Trip တဲ့။
သူတို့သုံးယောက်လည်း ပျော်သွားကာ အလည်အပတ်ထွက်ခဲ့ကြသည်။
ကျွန်းအထိကို private လေယာဉ်နဲ့ပို့ဆောင်ပေးပြီး ကျွန်းကိုလည်ပတ်ဖို့ ကားတစ်စီးလည်း ပေးသေးသည်။သူတို့ဒီကျွန်းကိုရောက်တော့ လူတွေကသိပ်မရှိ။ ဒေသခံတွေကလွဲရင် မရှိဘူးလို့တောင်ပြောလို့ရသည်။
ကားကသဲသောင်ပြင်ပေါ်ရပ်သွားပြီး ရှိုင်းတို့သုံးယောက်လည်း ဆင်းလာခဲ့သည်။
ရှိုင်းက ငွေရောင်ကိုတစ်ခေါင်းလုံးဆိုးထားပြီး ခန့်သူက အနီရောင်ကို highlight ဖေါက်ထားသည်။အငယ်ဆုံးလေး ကီကီကတော့ ပင်လယ်ကြီးကိုကြိုက်သူပီပီ အပြာရောင်ဆံပင်ရှည်ကြီးနှင့်။
သဲသောင်ပြင်ပေါ်တဲထိုးကြကာ ပစ္စည်းများကိုချပြီး ရေကစားကြသည်။
ခနလောက်ဆော့ပြီးမောသွားတော့ အဆာပြေစားကြသည်။"ဒီကမ်းခြေသာဖွင့်လို့ကတော့ အရမ်းနာမည်ကြီးမှာဘဲ"
"အင်း။တော်တော်လှတယ်။"
ခန့်သူနဲ့ကီကီကကမ်းခြေအကြောင်းပြောတော့ ရှိုင်းက တစ်ခုသတိထားမိလိုက်သည်။
"မင်းတို့သိလား။ဒီကဒေသခံတွေက တစ်မျိုးဘဲ။။ငါတို့ဒီကိုရောက်တော့ နှုတ်ဆက်တဲ့ပုံတွေက အရမ်းကြောက်စရာကောင်းတယ်"
ရှိုင်းအပြောကို ကျန်၂ယောက်ကလည်း ထောက်ခံသည်။ ဒေသခံတွေတင်မက လေယောဉ်ပေါ်မှလူများပါ သူတို့ကို မကောင်းတဲ့မျက်လံုးတွေနဲ့ကြည့်ကြသည်။
YOU ARE READING
🥀❣️The Happy Trip❣️🥀
Roman d'amourလိင်ဆက်ဆံတဲ့အပြာစာမို့ ခပ်ရိုင်းရိုင်းတွေရေးပါတယ်။ ဒါကြောင့်အသက်မပြည့်သေးတာ။ ရေးတာကိုရိုင်းတယ်ဆိုပြီးပြောဆိုတာတွေမလုပ်ပါနဲ့။ (အသက်မပြည့်လည်း တိတ်တိတ်လေးဖတ်🤭🤭🤭)