" ကုဋေ နင်ဆရာမကြီးဆီသွားမလို့ဆို "
" အင်း ဟုတ်တယ် ငါလည်း ဒီပြန်ရောက်တာနည်းနည်းကြာပြီဆိုတော့ ဆရာမကြီးဆီကို သွားလည်ချင်လို့လေ နင့်ကိုအဖော်ခေါ်လိုက်တာ"
လဝန်းကုဋေဟာ အခုဆိုရင် အဂ်လိပ်စာမေဂျာရဲ့နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးဖြစ်သည်။ လဝန်းရဲ့သူငယ်ချင်း ရတနာနွေးကတော့ ရူပဗေဒမေဂျာရဲ့နောက်ဆုံးနှစ်ပင်။ အထက်တန်းအထိအတူတူကျောင်းတက်ခဲ့တဲ့သူတို့သူငယ်ချင်းနှစ်ယောက်က အခုဆိုရန်ကုန်တက္ကသိုလ်မှာအတူတူတက်နေသည်ဆိုပေမဲ့ မေဂျာတော့ ကွဲပါသည်။ အခုသွားမည်ဆိုသော အိမ်ကတော့ အထက်တန်းနှစ်က သူတို့နှစ်ယောက်အတူတူ ကျူရှင်တက်ခဲ့သည့်ဆရာမကြီးဒေါ်ခင်မြင့်မြင့်ရဲ့အိမ်ဖြစ်သည်။ ဆရာမကြီးရဲ့ကျေးဇူးက သူတို့နှစ်ယောက်အပေါ်မှာအများကြီးရှိပါသည်။ ဆယ်တန်းစာမေးပွဲဖြေတဲ့အချိန်ကဆိုလျှင် ဆရာမကြီးရဲ့အိမ်မှာပင်နေ၍စာမေးပွဲဖြေခဲ့သည်။
" ဒါဆိုသွားကြမယ်လေ နေလည်းရိပ်နေပါပြီ "
" အွန်း ငါစက်ဘီးထုတ်လိုက်အုံးမယ်"
ကုဋေတို့အိမ်က တစ်ထပ်တိုက်ခံအိမ်လေးဖြစ်သည်။ မိသားစုသုံးယောက်အတွက်တော့ဒီအိမ်ကလေးဟာ လုံလုံလောက်လောက်ကျယ်ဝန်းပါသည်။ စက်ဘီးကိုလည်း အိမ်ထဲထည့်ထားတာကြောင့် ခပ်မြန်မြန်ပင်ထုတ်လိုက်သည်။
" နွေး အနောက်ကနေ နည်းနည်းလောက် ဆွဲပေးပါအုံး ဘတ္ထရီစက်ဘီးဆိုတော့လေးနေတယ်ဟ "
" အေးအေး လာပြီ"
အိမ်ရှေ့ခြံထဲက ဒန်းပေါ်မှာထိုင်နေတဲ့ နွေးက အပြေးလေးလာဆွဲပေးပါသည်။ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းပင်။" သွားကြစို့ "
ကုဋေတို့အိမ်နဲ့ နွေးတို့အိမ်က လေးငါးအိမ်ပဲခြားပါသည်။ ထို့ကြောင့်လည်း အမြဲတတွဲတွဲတွေ့နေရခြင်းဖြစ်သည်။ ဆရာမကြီးတို့အိမ်ကတော့ တောင်ပိုင်းက မာဃလမ်းထဲမှာပင်။ ကုဋေတို့က မြို့ပတ်လမ်းမှာနေသည်ဆိုတော့ အဝေးကြီးတော့ မဟုတ်ပေမဲ့ စက်ဘီးနဲ့သွားမယ်ဆို ဆယ်မိနစ်လောက်တော့ သွားရပါသည်။
YOU ARE READING
ညွှန်းဖွဲ့ဆိုသည် မောင့်ပန်းချီ
Romanceခင့်ရဲ့ ညာဘက်မျက်ခုံးပေါ်ကမှဲ့ကလေးပေါ်မှာ ကျွန်မရဲ့ အသက်ဓာတ်လေးတည်ရှိနေတယ် ကျွန်မရဲ့နှလုံးသားကတော့ ခင့်ရဲ့ ပါးချို့င့်နက်နက်လေးထဲမှာတစ်သက်စာခိုလှုံနေလေရဲ့....