အခန်း(၃)

65 2 0
                                    

"မေမေရေ မေမေ ခင့်ရဲ့ မိုးပြာရောင်ကချင်အဆင်ဝမ်းဆက်လေး ‌တွေ့မိသေးလား "

ခင်ဟာ သူ့ရဲ့ နှစ်ခန်းတွဲကျွန်းဘီရိုကို အထက်အောက်နှံ့စပ်အောင်ရှာနေရင်း အမေဖြစ်သူ ကို လှမ်းကာမေးနေသည်။ ရှာနေရင်း‌ပင် မျက်ခုံးများက အလိုမကျဟန်တွန့်ချိုးထားသေးသည်။

" သမီးကလည်း မေမေဘယ်လိုလုပ်သိမှာလဲ ကိုယ့်ဘီရိုထဲသေချာပြန်ကြည့်ပါအုံး"

" မတွေ့ဘူး မေမေရဲ့ ခက်ပါတယ် အဲ့အကျီလေးဝတ်ဖို့ ဒီနေ့အာသီသ ရနေတာကို "

ခင်ဟာ စိတ်မကျေနပ်တဲ့အခါ တစ်ယောက်တည်း ရေရွတ်ပြီးပြောလေ့ရှိသည်။ အိမ်မှာလည်း အငယ်ဖြစ်သည့်အလျောက် ခင်ရှိတဲ့အချိန်ဆို အိမ်မှာဆည်းလည်းလေးလို အသံတဆာဆာရှိနေတတ်သည်။အများအားဖြင့် သားအမိနှစ်ယောက်တည်းနေလေ့ရှိပြီး တစ်ပတ်တစ်ခါလောက်ဖြင့် ဒေါ်ခင်မြင့်မြင့်ရဲ့ ညီမဖြစ်သူ ‌ဒေါ်နီလာက အတူတူလာအိပ်ပေးလေ့ရှိပါသည်။

" တော်ပါပြီ ရှာရတာ ပင်ပန်းတယ် သီချင်းလေးတစ်ပုဒ်လောက်တော့ နားထောင်လိုက်ရင်ဖြင့် အကောင်းသား"

ထို့နောက် အခန်းထဲမှ ကျွန်းဘီရိုရဲ့ဘေးဘက်မှခါးတစ်ဝက်လောက်ရှိသည့် သစ်သားခုံပေါ်မှာတင်ထားသော ကတ်ဆက်ဟောင်းတစ်ခုဆီကို ဦးတည်လိုက်သည်။ တိတ်ခွေရွေးနေတဲ့ ထိုလက်ချောင်းများဟာ ဖယောင်းထက်ပိုပြီးနူးညံ့သည်။ ကြက်သွေးရောင် ခါးတင်အကျီကြောင့် ခပ်လွတ်လွတ်ဖြစ်နေတဲ့ ခါးမှအသားစိုင်တစ်ချို့မှာ နို့နှစ်ရောင်သမ်းနေသည်။ ထိုခါးကို ဖက်တွယ်ကာ ကိုင်ခွင့်ရသော ယောကျာ်း သည် ကမ္ဘာပေါ်တွင် လူဖြစ်ရခွင့်ကိုကျေနပ်နေနိုင်လောက်သည်။

" အို‌ တွေ့ပြီ ဒီသီချင်းပဲ"

ခင်ဟာ သူ့အကြိုက် တိတ်ခွေကိုယူကာ ကက်ဆက်ကိုဖွင့်ပြီးထည့်လိုက်သည်။ ထို့နောက် ကုတင်ခြေရင်းမှ မှန်တင်ခုံတွင်ထိုင်ကာ ကျောလယ်လောက်ရှိသည့် ဆံနွယ်အခွေလိပ်ခပ်ကြီးကြီးများကို ရှေ့သို့တစ်စောင်းယူကာ ဖြီးသင်နေရင်း သီချင်းကိုနားထောင်နေသည်။

" ပန်းပွင့်ရှိမှ~ အနံ့ရတာ မဟုတ်ဘူး "
"ဖူးသည့် အငုံ ထုံသည့်တစ်ပွင့်~ နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ "
"ထာဝရအမြဲတည်~ နှလုံးသားမှာ စွဲမြဲစွာ ထုံယစ်"
" ဆွတ်ပျံ့လေ ချစ်သူသိလေ "

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

ညွှန်းဖွဲ့ဆိုသည် မောင့်ပန်းချီWhere stories live. Discover now