" သမီး မနေ့က ဆရာမကြီးတို့ဆီသွားသေးတယ် မေမေ"
ညနေစာ စားသောက်ပြီးတော့ ဘေစင်မှာ ပန်းကန်ဆေးနေရင်း ထမင်းစားပွဲကိုသန့်ရှင်းရေး လုပ်နေသော မေမေကို စကားစမိသည်။
" ဟုတ်လား သမီး ဘယ်တုန်းကသွားလိုက်တာလဲ "
မေမေက လက်သုတ်ပုဝါကို ခါနေရင်း စကားပြန်ဆိုလိုက်သည်။
" မနေ့က နေ့ခင်းလောက်က မေမေ နွေးနဲ့အတူတူသွားတာ "
" မေမေ့ကို မေးစရာရှိတယ် "
" မေးလေ သမီး ဘာမေးမလို့လဲ "
ဆေးပြီးသားပန်းကန်တွေကို ပန်းကန်စင်ပေါ်သေချာတင်ကာ ရေစိုနေသော လက်ကို သုတ်ရင်း ထမင်းစားပွဲမှာ ထိုင်နေသော မေမေ့ရဲ့ ခုံရှေ့မှာ ဝင်ထိုင်လိုက်သည်။
" မေမေ ဆရာမကြီး ဆီမှာ သမီးရှိတာလား "
" ရှိတယ်လေ သမီးရဲ့ သမီးခင်ကို မသိဘူးလား "
" ဟင့်အင်း မေမေ သမီးကျူရှင်တက်တုန်းကလည်း တစ်ခါမှမမြင်ဖူးဘူး "
" ဒီလိုသမီးရဲ့ သမီးခင်က သမီးကိုးတန်းနှစ်တည်းက ရန်ကုန်မှာ ကျောင်းတက်နေတာ သမီးခင်က သူ့အမေကို သိပ်ချစ်တာလေ သူကျောင်းတက်နေတုန်း သူ့အဖေက ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးသွားတာဆိုတော့ အမေကပဲ သူ့ကိုစောင့်ရှောက်ခဲ့တာ အစ်မတစ်ယောက်ရှိတယ်ဆိုတော့ အစ်မနဲ့အမေက သူ့ကိုရှာကျန်ပြီးကျောင်းထားပေးခဲ့တာ အခုကျောင်းပြီးသွားလောက်ပါပြီ သမီးယုယကလည်း အမေကိုအရမ်းသိတတ်တာ သူအလုပ်အကိုင်လေးလည်း အဆင်ပြေလာတော့ အရင်အိမ်ကို ပြန်ပြင်ပြီး အခုနေတဲ့အိမ်လေးဆောက်ပေးခဲ့တာလေ "
" တစ်ဦးတည်းသော သမီးမဟုတ်ဘူးလား "
" မဟုတ်ဘူး သမီးရဲ့ ဆရာမကြီးက သမီးနှစ်ယောက်ရှိတယ် ယုယဟန်သွင်နဲ့ ခင်မြတ်ပန်းချီတဲ့ သမီးယုယက အကြီး သမီးခင်က အငယ် ယုယလေးက ဒီမှာနေတာရှားတယ် ရန်ကုန်မှာပဲနေတာများတယ် သမီးမြင်ဖူးလောက်မှာမဟုတ်ဘူး "
" သမီး ခင်မြတ်ပန်းချီဆိုတဲ့ အမျိုးသမီးကိုတောင် အခုမှသိတာ သူ့အစ်မဆိုအဝေးကြီး "
YOU ARE READING
ညွှန်းဖွဲ့ဆိုသည် မောင့်ပန်းချီ
Romanceခင့်ရဲ့ ညာဘက်မျက်ခုံးပေါ်ကမှဲ့ကလေးပေါ်မှာ ကျွန်မရဲ့ အသက်ဓာတ်လေးတည်ရှိနေတယ် ကျွန်မရဲ့နှလုံးသားကတော့ ခင့်ရဲ့ ပါးချို့င့်နက်နက်လေးထဲမှာတစ်သက်စာခိုလှုံနေလေရဲ့....