ထယ်ရယ်အဖျားပျောက်သွားပေမယ့် လည်ပင်းကအရာကြောင့်အိမ်မှာဘဲနေနေဖြစ်သည်။မနက်ဖြန်ဆို weekend ရောက်ပြီမို့ သင်တန်းလည်းပိတ်တာကြောင့်ပိုအဆင်ပြေသွားတာ။marking ကအရောင်နည်းနည်းမှိန်သွားပေမယ့်လည်း သူများတွေတွေ့သွားမှာထယ်ရယ်ရှက်တာမို့ပင်။အဲ့နေ့ကကိစ္စကြောင့်ထယ်ရယ်ရစ်ခီနဲ့အနေနီးတိုင်း ရင်တွေခုန်လာပြီးခံစားချက်တွေကရောထွေးလာသည်။
အိမ်မှာတစ်ယောက်ထဲနေနေရတာပျင်းလာတာကြောင့် မက်သရူးဆီဖုန်းဆက်ပြီး Shopping ထွက်ဖို့လုပ်လိုက်သည်။ရာသီဥတုကအေးနေတာမို့ လည်ပိတ်ဝတ်ရင်တော့ သူ့ကိုထူးဆန်းသလိုမကြည့်ကြလောက်ပါဘူးနော်။ရစ်ခီဆီမက်ချူးနဲ့အပြင်သွားဖို့လှမ်းပြောလိုက်တော့ သူလည်းရုံးကလူတွေနဲ့စားသောက်ပွဲရှိတာမို့ နည်းနည်းနောက်ကျမယ်ပြောသည်။
"ထယ်ရယ် အရမ်းအေးနေလို့လား?"
"ဘာ..ဘာလို့လဲ?"
"မင်းလည်ပိတ်ကြီးဝတ်ထားတော့ အရမ်းအေးနေတယ်ထင်လို့ပါ အဲ့လောက်လည်းမအေးပါဘူး"
"အာ အေးလို့ဝတ်ထားတာပေါ့ ငါတို့ဝယ်စရာတွေဝယ်ပြီးသွားပြီဆိုတော့ မုန့်သွားစားရအောင်"
စပ်စုတက်တဲ့မက်သရူးအကြောင်းသိတာမို့ စကားမရှည်ရအောင်အာရုံလွှဲလိုက်သည်။မက်သရူးနဲ့မုန့်စားပြီး မက်သရူးကကားနဲ့အိမ်ပြန်လိုက်ပို့ပေးသည်။မီးပွိုင့်မိနေတာမို့ မက်သရူးနဲ့စကားပြောနေရင်း..
"ခန! ထယ်ရယ် ဟိုဟာရစ်ခီမလား?"
"ဘယ်မှာလဲ?"
"ဟိုမှာလေ ကားထဲကဆင်းလာတာ ဘေးကဘယ်သူကြီးလဲ?"
မက်သရူးပြတဲ့နေရာကိုလှမ်းကြည့်လိုက်တော့ ရစ်ခီကားတံခါးပိတ်နေပြီး ကားပေါ်ကနေကောင်မလေးတစ်ယောက်ကထပ်ဆင်းလာသည်။အဲ့ကောင်မလေးရစ်ခီနားရောက်တော့မှ နှစ်ယောက်သားဆိုင်ထဲဝင်သွားကြသည်။
"ငါလဲမသိဘူးလေ ဒီနေ့ရုံးကလူတွေနဲ့စားသောက်ပွဲရှိတယ်လို့တော့ပြောတယ် ရုံးကဘဲနေမှာပေါ့"
မက်သရူးထယ်ရယ်ကိုကြည့်လိုက်တော့မျက်နှာမကောင်းတာမို့ ရီချင်ချင်ဖြစ်သွားပြီးစကားလမ်းကြောင်းစလိုက်သည်။