ရစ်ခီအိပ်နေရင်း ညည်းသံလိုလိုကြားလိုက်တာကြောင့်နိုးလာသည်။အသံလာရာဘက်ကိုကြည့်လိုက်တော့ထယ့်ဆီက။စောင်ကိုလည်ပင်းထိခြုံထားပြီး ခန္ဓာကိုယ်လေးကလည်းတုန်နေတာမို့ အနားကပ်ကာနှဖူးကိုစမ်းကြည့်လိုက်တော့ ကိုယ်တွေပူကျစ်နေတာဘဲ။Aircon ပိတ်ကာနာရီကြည့်လိုက်တော့မနက် 4 နာရီဘဲရှိသေးတယ်။ထယ်ကချမ်းနေလို့ထင်စောင်ကိုပိုဆွဲကာခြုံသွားသည်။ဒီတိုင်းထားလို့လည်းမဖြစ်တော့တာမို့ ထယ့်ကိုနှိုးဖို့လုပ်ရသည်။
"ထယ်~"
"......"
"ထယ် ချမ်းနေလို့လား ကိုယ်တွေလည်းပူနေတယ် ခနလောက်ထပါလား တစ်ခုခုစားပြီးဆေးသောက်ရအောင်"
"....."
"ထယ်~ ကိုယ်ပြောတာကြားလား"
ရစ်ခီထယ့်ပါးလေးကိုကိုင်ကာထပ်နှိုးလိုက်သည်။
"ရစ်..ရစ်ခီ"
"အင်း ကိုယ်ရှိတယ်"
"ချမ်းတယ်..."
"အရမ်းချမ်းနေတာလား ကိုယ်ဘာလုပ်ပေးရမလဲ"
ထယ့်ကိုကြည့်တော့တကယ်ချမ်းနေတယ်ထင်။ခန္ဓာကိုယ်လေးကလည်း အစကထက်ပိုတုန်ရီလာသည်။ရစ်ခီထယ့်အနားပိုကပ်လိုက်ကာ ထယ့်ခန္ဓာကိုယ်လေးကိုအနွေးဓာတ်ရအောင်ဖက်ထားပေးလိုက်သည်။ကိုယ်ပူငွေ့တွေကရစ်ခီကိုတောင်လာဟပ်နေတာမို့ ထယ်သာဆိုတော်တော်အဆင်မပြေဖြစ်နေမှာ။
"ကိုယ်ဖက်ထားပေးမယ်နော် ဘာမှမဖြစ်ဘူး"
ထယ့်ကိုဖက်ထားရင်းနဲ့ ဖုန်းကိုလှမ်းယူလိုက်ကာ မားတို့ပြနေကြဆရာဝန်ကြီးဆီ ဖုန်းဆက်လိုက်ပြီးလာကြည့်ပေးရန်ပြောလိုက်သည်။မနက်အစောကြီးမို့အားနာပေမယ့်လည်း ခုချိန်မှာထယ်ကအရေးကြီးတာမို့မတက်နိုင်ပေ။တစ်ဆက်ထဲ ဒေါ်လေးဆီပါဖုန်းဆက်ပြီး ထယ်ဖျားနေတာမို့စားဖို့တစ်ခုခုလုပ်ပေးရန်ပြောလိုက်သည်။
"ထယ် အဆင်ပြေလား ချမ်းတာသက်သာသွားပြီလား"
"ဟင့်အင်း.."
ထယ်ကပြောပြီးသူ့ကိုပိုတိုးဖက်လာတာကြောင့်
ရစ်ခီလည်းသူပါအတူစောင်ခြုံလိုက်ကာတင်းတင်းဖက်ထားလိုက်သည်။