"Gunwook ah"
"ဗျာ.."
"ငါမနက်စာစားဖို့ကို ဘယ်မှာလဲ ဇွန်း ခက်ရင်း"
Gunwook က ဘာမှမပြောဘဲ Ricky ဘေးက ခုံမှာ ဝင်ထိုင်လိုက်သည်။
"ဒီမှာလေ ဇွန်းက"
"ဪ အေး.. ပေး ပေး"
Ricky က Gunwook လက်ထဲက ဇွန်းကို လှမ်းယူလိုက်တဲ့အချိန် Gunwook ကရှောင်လိုက်သည်။
"ဟ.. ဘာလုပ်နေတာလဲ။ ပေးလေ ငါ့ဇွန်း"
"ကျနော် ခွံ့ကျွေးမှာ မို့လို့...."
"ဘာ"
Ricky က ဘာမှမပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။ ခွေးပေါက်လေးကလဲ သူ့ဟာသူပြောပြီး ရှက်နေတာလား မသိ။ ပါးမို့လေးတွေနီလို့။ အပြောခံရတဲ့ Ricky ထက်တောင် သူကပိုရှက်နေတယ်ထင်ပါ့။
"ဘာလို့ငါ့ကို ခွံ့ကျွေးမှာလဲ။ ငါ့လက်၂ဖက်လုံး အကောင်းကြီးကို..."
"သခင်လေးပဲ ထမင်းစားပွဲမှာအတူတူထိုင်ပြီး ကျနော့်မျက်နှာလေးကို ကြည့်ရင်း ထမင်းစားချင်တယ်လို့ ရေးထား. ထား...."
Gunwook စကားမဆုံးသေးခင် Ricky က ရှေ့က ထမင်းပန်းကန်နဲ့ ထပေါက်ဖို့ ရွယ်တော့ ထွက်ပြေးသည်။
"အဲ့ sketchbook ကို မီးရှို့ပစ်မှရတော့မယ်ဟေးး"
"ဟာ.. မလုပ်ပါနဲ့ဗျာ။ အဲ့ဒါကျနော် အကြိုက်ဆုံးစာအုပ် ဖြစ်သွားပြီ။ အရင်တုန်းက ဖတ်ခဲ့တဲ့ ကဗျာစာအုပ်တွေနဲ့ ဘာမှကိုမဆိုင်တာ။"
ဒင်း စပ်ဖြဲဖြဲလေသံနဲ့ ခနဲ့နေသလိုပြောနေတာ Ricky အသည်းယားလာသည်။
"မင်းအဲ့လိုတွေ ထပ်လုပ်နေမယ်ဆိုရင် ငါ့ကိုအဆိုးမဆိုနဲ့နော် Gunwook"
ခြိမ်းခြောက်နေပေမဲ့ လေသံက အားသိပ်မပါလို့လားမသိ Gunwook က ထရီပြန်သည်။
"ကဲပါဗျာ။ မစတော့ပါဘူး။ သခင်လေး မနက်စာစားဖို့ နောက်ကျနေတော့မယ်။ ရော့..."
Gunwook က သူယူထားတဲ့ ဇွန်းကို စားပွဲပေါ် ချပေးလိုက်သည်။
"ဘာလဲ မင်းက ငါ့ကို ခွံ့ကျွေးမယ်ဆိုပြီး ပလေးနေတာလား။"
YOU ARE READING
Our Season
RomanceWinter Spring Summer Fall ရာသီအလီလီ ပြောင်းလဲသွားရင်တောင် သူတို့ရဲ့ အချစ်တွေ ပြောင်းလဲနိုင်ပါ့မလား....