ဒီနေ့ အိမ်ထဲက အလုပ်သမားများက Ricky တို့ကို အံ့ဩတဲ့မျက်လုံးများနှင့် ကြည့်နေကြသည်။ မာမားလုပ်ပေးထားတဲ့ လျှောစောက် လှေကားက Ricky အတက်အဆင်းလုပ်ရတာ အဆင်ပြေအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေမဲ့ Ricky တစ်ခါမသုံးဖြစ်ဘူးလေ။ အခန်းထဲက အခန်းပြင်တောင် မထွက်တာ အောက်ဆင်းဖို့ဆို ဝေးပေါ့။
အခု ဒီနေ့မှ အရင်တည်းက မောင့်ရဲ့ အခါခါ တောင်းဆိုမှုတွေနဲ့ အောက်ဆင်းပြီး လေညှင်းခံဖို့ လက်ခံပေးလိုက်ရသည်။
မောင်က Ricky ရဲ့ wheel chair ကို တွန်းလာပေးပြီး ခြံထဲက ရေကူးကန်ထဲမှာ ရပ်လိုက်သည်။
"ကဲ.. ကိုကို ပြောပါဦး။ အိပ်ခန်းထဲကပဲ ကြည့်နေရတဲ့ မြင်ကွင်းနဲ့ တကယ်ကိုယ်တိုင် ခံစားလိုက်ရတာနဲ့ ဘယ်လိုကွာလဲလို့"
Gunwook က ဘယ့်နှယ့်လဲ တွေ့ပြီမလား ဆိုတဲ့ လေသံနဲ့ မေးလိုက်တော့ Ricky က ရီမိသည်။
"အေးပါ မောင်ရယ်.. မောင့်စကားနားထောင်မိတာ မှန်သွားတယ်။ ပြတင်းပေါက်ကနေပဲ ငေးကြည့်နေပြီး အပြင်မထွက်ဖြစ်တာတောင် ကြာပေါ့ကွာ.."
"အဲ့ဒါကြောင့်လေ.. ကိုကိုက အခုလို ကိုယ့်ကိုယ်ကို လှောင်ပိတ်ပြီး နေတာ မကောင်းဘူးလေ။ ဒီလိုလေးနေပေးမှ အချိန်အကြာကြီး အသက်ရှင်နေချင်စိတ် ပေါက်မှာပေါ့ဗျာ.."
"အင်း... ကိုယ့်အနားမှာ မောင်ရှိနေရင်တော့ အချိန်အကြာကြီး အသက်ရှင်ချင်ပါတယ်ကွာ။"
ပြောရင်း Gunwook လက်ကို ဆုပ်ကိုင်လိုက်သည်။
"ကိုကိုသာ ပျော်နေဖို့ဆိုရင် ကျနော်ဘာပဲဖြစ်ဖြစ် လုပ်ပေးချင်ပါတယ်.."
"ဟင်.. ဘာလဲ။ မောင်က ကိုယ့်အနားမှာ မရှိပေးချင်ဘူးလား"
"ဟာ.. အဲ့လိုမဟုတ်ပါဘူးဗျာ။ ကျနော်.. တတ်နိုင်သလောက် ကြိုးစားမှာပေါ့။ ကိုကို့ မာမား သဘောတူလာအောင်ပါ။ အဲ့ဒါကို ပြောချင်တာပါ။"
"အေးပါကွာ..."
Gunwook Ricky လက်ကို ခဏ လွှတ်လိုက်ပြီး ရေကူးကန်ဘေးနားကို ပတ်ကြည့်လေသည်။
YOU ARE READING
Our Season
RomansaWinter Spring Summer Fall ရာသီအလီလီ ပြောင်းလဲသွားရင်တောင် သူတို့ရဲ့ အချစ်တွေ ပြောင်းလဲနိုင်ပါ့မလား....