Seok Jin's POV

124 7 0
                                    

အပြာရောင်ကောင်းကင်ကြီး....
သဘောကျလိုက်တာ...မြတ်နိုးလိုက်ရတာ...
ငေးကြည့်ရင်း...လူကိုငိုင်သွားစေနိုင်တာ... သူ့ကိုမြင်ယောင်ရင်းပေါ့
ဖြစ်ဖူးကြလား...
ကောင်းကင်ပြာကြီးကိုငေးရင်းသူ့ကိုပုံဖော်မိတာလေ...လွမ်းလို့ရယ်တော့မဟုတ်ပေမယ့်မြတ်နိုးမိတဲ့အပေါ်မှာအချစ်ကိုပုံဖော်ကြည့်ခဲ့ရုံပါ...ဟက် စိတ်ကူးယဉ်ဆန်လွန်းတယ်လို့မထင်လိုက်ပါနဲ့တကယ်တော့ဒီထက်ပိုဆိုး‌တာတောင်ရှိခဲ့ဖူးတာ
အင်းမ်....ဆုတောင်းခဲ့တာလေ..နေဝင်ခါနီးနဲ့လပုံလေးနည်းနည်းထွက်နေတဲ့အချိန်နေနဲ့လမျက်နှာချင်းဆိုင်လိုမျိုးဖြစ်နေခဲ့တဲ့အချိန်မှာလေ..ရှားပါးလားဘာလားတော့တကယ်မသိဘူးရယ်။အဲ့တုန်းကသိခဲ့တာကတကယ်ပြင်းပြတဲ့ဖြစ်ချင်စိတ်နဲ့အဲ့လိုအချိန်မှာဆုတောင်းရင်တကယ်ဖြစ်လာမယ်လို့လေ...ဘယ်သီအိုရီမှ၊ဘယ်အယူအဆမှ၊ဘယ်ပုံပြင်မှာမှမပါခဲ့လဲပဲပေါ့
ဒါပေမယ့်!! ဟက် ဆုတောင်းကတော့ရီရ‌သား...သူချစ်တဲ့သူနဲ့သူသဘောကျရတဲ့သူနဲ့တစ်ပုံစံတည်းတူပါရစေတဲ့...ဟားးးရီရလိုက်တာ...အရူးပဲရူးနေခဲ့တာ
ဟူး...တော်ပါသေးရဲ့အခုငါနောက်ဆုံးမြင်နေရတဲ့မြင်ကွင်းကကောင်းကင်ပြာကြီးဖြစ်နေလို့
လူတွေကပြောကြတယ်အချစ်ကဘဝတဲ့...
ဟင့်အင်းမှားတယ်!!!
သေလောက်အောင်ချစ်တာတဲ့
အဲ့စကားကငါ့အတွက်တော့မှန်မနေဘူး
ငါ့အတွက်ကအချစ်ကပဲသေစေနိုင်တာ...ပြီးတော့ငါ့အတွက်အချစ်ကဘဝမဟုတ်ခဲ့ဘူး
ဟုတ်တယ်...ဘာလို့ဆိုဘဝကသေသွားရင်အဆုံးသတ်သွားနိုင်ပေမယ့်ငါ့အချစ်ကငါ့ဘဝအဆုံးသတ်သွားရင်တောင်မှဘယ်တော့မှအဆုံးသတ်မှာမဟုတ်လို့ပဲ
'မင်းကိုချစ်ခဲ့တယ်
ချစ်နေမယ်
ဆက်ချစ်သွားအုံးမှာ...
Jeon'

အပေါ်မှာပြောထားတဲ့နေလမျက်နှာချင်းဆိုင်ဆိုတာဒီလိုပုံစံမျိုးလေးပါအနီးစပ်ဆုံးတူတဲ့ပုံလေးရှာထားတာပါဒါဒါလေးတို့မြင်ဖူးကြလားတော့မသိဘူးရယ်သာသာတော့အပြင်မှာတကယ်မြင်ဖူးတယ်ရယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပေါ်မှာပြောထားတဲ့နေလမျက်နှာချင်းဆိုင်ဆိုတာဒီလိုပုံစံမျိုးလေးပါအနီးစပ်ဆုံးတူတဲ့ပုံလေးရှာထားတာပါဒါဒါလေးတို့မြင်ဖူးကြလားတော့မသိဘူးရယ်သာသာတော့အပြင်မှာတကယ်မြင်ဖူးတယ်ရယ်

Loving is not losing 🥴Where stories live. Discover now