Nihilism : prologue

205 22 4
                                    

အဲ့ဒီညက ဥဩသံတွေညံတယ်။

ကြယ်စင်တွေပုန်းတဲ့ကောင်းကင်မှာ ခရမ်းရောင်ပြာမီးမှိန်မှိန်တွေဟာ ခြယ်မှုန််းလို့။ ဒါဟာ ဂန်နမ်မြို့ရဲ့ လမ်းကြိုကြား‌ေလးပေါ်မှာ ရှုပ်ပြေးနေတဲ့ အနီရောင်၊အပြာရောင် အချက်ပြမီးတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

သူရပ်နေမိတဲ့ မြေပြင်ခပ်ကြမ်းကြမ်းပေါ်မှာ သွေးစတွေနဲ့ ဗွက်အိုင်တွေ ရှိနေလိမ့်မယ်။ ပတ်၀န်းကျင်ဟာသိပ်ကို ကမောက်မကဖြစ်နေလိမ့်မယ်။
ဖမ်းဆီးမခံရဖို့ရာ ရုန်းကန်ခုခံနေတဲ့ လူမိုက်အနည်းငယ်ရယ်၊ သူတို့ထက်အင်အားပိုများတဲ့
ရဲ၀န်းထမ်းတွေရယ်..

ဖမ်းချုပ်ခံထားရရင်းတောင် သူ့ကို ပြောဖြစ်အောင်ပြောသွားတဲ့ လူမိုက်အချို့ရဲ့ မကျေမနပ် ဆဲဆိုသံတွေဟာ ပြင်းပြင်းထန်ထန်ပဲ။
သစ္စာဖောက်ကောင် မင်းသေဖို့ပြင်ထား တဲ့လေ။

ဗလာကျင်းတဲ့ နှလုံးသားဟာသိပ်ကိုလေးလံလွန်းတယ်။ အဲ့ဒီအခင်းနေရာမှာ သူဟာ ရပ်မြဲရပ်နေဆဲပဲ။

" အေးဂျင့်ဂန်! တာ၀န်ကျေပါတယ်ဗျာ
အေးဆေးအနားယူလိုက်ပါဦး "

သူ့ကျောကို ပုတ်လိုက်တဲ့ရိုက်ချက်တစ်ခု‌ေနာက်မှာစိတ်အားထက်သန်မှု‌ေတွ‌ေရာနွယ်တယ်။

မျက်လုံးမှိတ်တဲ့အထိပြုံးပြရင်း စကားဆိုလာတဲ့လူဟာ သူအသိအမှတ်ပြုတဲ့အနေနဲ့ ခပ်ဖွဖွပြုံးပြလိုက်ပြီးနောက်မှာ တာ၀န်ကို အပြီးသတ်ဖို့ပြန်ထွက်သွားတော့တယ်။

သူဟာလည်း အရှေ့က နှစ်ထပ်တိုက်ခပ်သေးသေးကို ငေးလျက်ကျန်ခဲ့ရောပေါ့။

သိပ်မကြာပါဘူး။
အဆောက်အဦးထဲကနေ ရဲ၀န်ထမ်းနှစ်ယောက်ကြားကပိန်ပါးပါးပုံရိပ်တစ်ခုဟာ ထွက်လာတယ်။

မြေပြင်ပေါ်က မျက်ရိပ်တွေ သူ့ထံကိုရောက်လာခဲ့တဲ့အခါ သူက အထိတ်တလန့်မျက်လွှာချလိုက်မိပါရဲ့။

မျက်စိတစ်မှိတ်မှာ ခြေလှမ်းတွေဟာ နီးကပ်လာတယ်။ သူ့မြင်ကွင်းထဲကို အေးစက်နေမယ့် သံလက်ထိပ်တွေ‌နဲ့ လက်သွယ်သွယ်ဟာ ၀င်ရောက်လာတယ်။

NIHILISM : taegyu {ongoing}Where stories live. Discover now