မင်းရဲ့ ရှင်သန်ရခြင်းအကြောင်းကို မေးခွန်းထုတ်ကြည့်ဖူးလား။
တစ်နည်းအားဖြင့်ပြောရရင် ဘ၀ကို ရှေ့ဆက်ဖို့အတွက် မင်းရဲ့ ရည်ရွယ်ချက် ၊ အသက်ရှင်နေရခြင်းရဲ့ အဓိပ္ပာယ်ပေါ့။
ချွဲဘောမ်ဂယူအတွက်ကကော။
သူ့လို ငယ်ငယ်တည်းက တစ်ကောင်ကြွက်အဖြစ် ကြီးပြင်လာတဲ့ လူတစ်ယောက်ကကော
ဘာကြောင့် ရှင်သန်နေတာတဲ့လဲ။ချွဲဘောမ်ဂယူဟာ လောကကြီးမှာ ရှင်သန်နေရတာကို မေးခွန်းမထုတ်တတ်တဲ့လူမျိုးဖြစ်ခဲ့တယ်။
သူ့ကိုများအဲ့ဒီမေးခွန်းမျိုး တိုက်ရိုက်သွားမေးရင်
မင်းကို အချိန်တွေလာဖြုန်းနေတဲ့ စာဂျပိုးတစ်ယောက်လို့ အထင်သေးနေလောက်တယ်။သူဟာ ဒါတွေကို လေးလေးနက်နက်သဘောထားတဲ့ လူမှမဟုတ်ပါဘဲ။
'' ရှင်သန်ရဖို့ရည်ရွယ်ချက်တဲ့လား ဘာတွေလာပြောနေတာလဲ။ လူတွေအကုန်လုံးက အသက်ရှင်ရရင် ပြီးရောဆိုပြီး ရုန်းကန်နေကြတာပဲမလား။ ''
ဆိုတဲ့အတွေးမျိုးပေါ့။
ဒါတွေဟာ သူ့အမှားလည်းမဟုတ်ခဲ့ပါလေ။
ဘောမ်ဂယူအတွက်တော့
လောကကြီးဟာ အခွံသပ်သပ်ဖြစ်ခဲ့ရတာကိုး။သူပြန်မမှတ်မိချင်တဲ့ အတိတ်က ရက်စွဲတွေတုန်းကဆို မနက်ဖြန်အထိရှင်သန်နိုင်ဖို့ဆိုတဲ့ အာမခံချက်တောင်မရှိခဲ့ဘူး။
သူတစ်ယောက်တည်းရှိတဲ့ အေးစက်စက်ညတွေဆို
ဘယ်လိုဒုက္ခမျိုးကြုံရမလဲဆိုတဲ့ ခန့်မှန်းမရတဲ့အန္တရာယ်တွေကို ကြောက်ရွံတဲ့စိတ်တွေရယ်၊
ဘယ်လိုဖြတ်သန်းပြီးတောင့်ခံထားရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ မနက်အထိရှင်သန်ဖို့ဆိုတဲ့ အတွေးခပ်ရေးရေးပဲရှိခဲ့တာ။ကံကောင်းစွာနဲ့ လမ်းဘေးက လူမိုက်တွေနဲ့မတိုး၊
ပြဿနာလာရှာတဲ့ အမူးသမားတွေရန်က လွတ်လွတ်ကင်းကင်း နိုးလာထတဲ့ မနက်ခင်းတွေဆိုရင်လည်း
သူ့အဖေကို လာရှာတဲ့ မရေမတွက်နိုင်သော အကြွေးရှင်းတွေဆီက ထွက်ပြေးဖို့ ၊ အလုပ်လုပ်တဲ့စားသောက်ဆိုင်က တရုတ်အန်တီကြီး စိတ်ကြည်နေဖို့နဲ့ ညစာကို မှိုတက်နေတဲ့ပေါင်မုန့်ကြမ်းတွေမစားရဖို့ ဆိုတဲ့ မျှော်လင့်ချက်လေးတွေပဲရှိခဲ့တာ။
YOU ARE READING
NIHILISM : taegyu {ongoing}
Fanfiction" ချွဲဘောမ်ဂယူရဲ့ အဓိပ္ပာယ်မဲ့တဲ့ နတ္တိက ကမ္ဘာကြီးမှာ အချစ်ကိုရှာတွေ့တဲ့နောက် ဖွင့်ဆိုလို့မကုန်တဲ့ ဒဿနတွေ အများကြီး ဖြစ်တည်လာခဲ့ပါရဲ့။ ဒီလိုနဲ့ပဲ ဂန်ထယ်ဟျောင်းဟာ ဘောမ်ဂယူအတွက်တော့ မနက်ဖြန်တွေကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းဖို့ လုံလောက်တဲ့ ရည်ရွယ်ချက်လှ...