Arc6.5

1.8K 107 8
                                    

Z

==စာမစစ်ထားပါ==

လင်လတ်တဲ့နေရောင် ခပ်ဖျော့ဖျော့က ပြတင်းပေါက်မှန်မှတဆင့်
နတ်သားတစ်ပါးလို့ချောမောလှပတဲ့လူတစ်ယောက်ရဲ့ မျက်နှာနုနုအပေါ်သို့ ခစားလျက်.....

သူဘာလို့အစောကြီးတဲ့က မမြင်မိတာလဲ
ဒီလူရဲ့ချောမော မူတွေကို အမှန်တကယ်ပါလေ သူအရင်က ကိုယ့်ကိုကိုယ် သက်သေဖို့အထိတွေးထားခဲ့တာ ဒါမဲ့....

ခုတော့ သူထိုလူ့နားမှာ  နေချင်စိတ်တွေဖြစ်လာတယ် ထိုလူနဲ့ နေရင် ရင်တွေအရမ်းခုန်ခုန်လာတယ် ပြီးတော့ ထိုလူက သူ့ကို လက်ထက်မှာတဲ့ မနေ့က သူ့အမေနဲ့ပြောတာတွေသူအကုန်ကြားရပါတယ် ပြီးတော့ စိတ်ထဲမှာလဲ ဝမ်းသာအားရနေမိတယ်...
သူထင်တယ် တွေ့တာမကြာသေးပင်မဲ့ ထို လူကို ချစ်နေမိပြီထင်တယ်

"အင်းးးးးး"

ငြီးသံတချို့နဲ့ တွန့်လူးလာသော ကိုယ်ခန္ဓာကြောင့် သူရုပ်တရပ် အိပ်ချင်ယောင်တောင်လိုက်မိပါတယ်

'host မောနီး'

'အွန်း မောနီး ယွန်တန် မင်းညက ဘယ်ရောက်သွားတာလဲ'

'ဟွန့် Host တို့ပေါ့ မိုးမမြင်လေမမြင်နဲ့ ကျတော့ကိုထားသွားတာလေ ဟွန့်'

'ဟီး" ယွန်တန်ကလဲ ဒီhostက တောင်းပန်ပါတယ် နော် နော်'

'အဟမ်း ထားပါ ဒါနဲ့host ဂျက်ခ်ကနိုးနေတယ်သိလား အိပ်ချင်ယောင်ဆောင်နေတာ'

'ဟူတ်လား ဟက် ငါနဲ့တွေ့ကြတာပေါ့'

"ချစ်တယ် ဂျက်ခ်
ငါမင်းကိုချစ်လွန်းတာမို့ ငါ့အနားက ထွက်ပြေးတဲ့တနေ့ ငါကိုယ်တိုင် မင်းကိုသတ်ပြီးခေါ်ထားမိမယ်ထင်တယ်.."

"...."

မျက်လုံးကိုတင်းနေအောင်ပိတ်ထားပြီး အန်ကိုကြိတ်ထားမိတယ်
သူရင်ခုန်သံတွေက တစ်ဖက်ယူ ကြားသွားမှာတောင်ဆိုးရိမ်ရတဲ့အထိလေ...

"အဲ့တာ ငါက မင်းကိုယ်ချစ်လို့ပါ....ပြွတ်! ငါက အရမ်းချစ်တယ်နော်...မောင်~"

"....."

သူ့နုတ်ခမ်းကို ပြွတ်ခနဲ အသံမြည်အောင် နမ်းလိုက်တာကြောင့် လက်သီးတင်းတင်းဆုတ်ထားမိတယ်...မောင် မောင်ဆိုတဲ့ခေါ်သံကြောင့်  ခန္ဓာကိုယ်က သွေးတွေ ပြောင်းပြန်စီးသွားသလို...

System007Where stories live. Discover now