Last Christmas (Hanbin x Hao x GunWook)

462 25 57
                                    

Unicode

ဆောင်းဟန်ဘင်းတယောက် မွေ့ယာပေါ်တွင်လှိမ့်ကာ နေမထိထိုင်မသာ ဖြစ်နေသကဲ့သို့ကျန်းဟောက်သည်လည်း သူ့ကိုဘယ်လိုမှ လက်ခံမပေးသည့် ဆောင်းဟန်ဘင်းအကြောင်းတွေးတိုင်း မခံချင်စိတ်နဲ့ ဒေါသတွေသာထွက်နေတော့သည်။

ဤပြဿနာ၏ အရင်းအမြစ်သည်ကား မနှစ်က ခရစ်စမတ်ညတွင် စတင်ခဲ့လေသည်။

------------

Sung Hanbin's Pov

အဲဒီနေ့က ပိတ်ရက်ပီပီ ရုံးကအကိုတယောက်ခေါ်သည်နှင့် ဆောင်းဟန်ဘင်းမှာ ကလပ်ကို လိုက်သွားပေးရတယ် ထုံးစံအတိုင်း ကောင်မလေးတွေနဲ့ Blind Date လုပ်ကြတာမျိုး၊ ဆောင်းဟန်ဘင်းက ကျောင်းသားဘဝတည်းက ကောင်မလေးတွေကြားရေပန်းစားခဲ့သလို ရည်းစားတွေလည်းအများကြီးတွဲခဲ့ဖူးတာ။ ဒါပေမယ့် အခုတော့ လုပ်ငန်းခွင်ထဲ ဝင်ခါစမို့ အေးအေးဆေးဆေး နေလိုသည်ကတကြောင်း ဒီနေ့တွေ့သော ကောင်မလေးများကို စိတ်မဝင်စားသည်ကတဖုံ အပြင်သာထွက်ပြီး ဆေးလိပ်သောက်ရန်သာစိတ်ကူးလိုက်တော့တယ်။ ဒါပေမယ့် မီးခြစ်ကလည်း ပါမလာတာမို့ ဘူနေတုန်းမှာပင် သူ့နောက်ဘက်ကနေ

"မီးခြစ်ရှာနေတာလား ---"

အသံသာသာလေးကြား၍ လှည့်ကြည့်လေသော် သူနဲ့အရပ်မတိမ်းမယိမ်းလောက်ရှိသည့် မျက်နှာလှလှ ပိန်သွယ်သွယ် လူငယ်တစ်ဦးက သူ့ကိုမီးခြစ်ကမ်းပေးတယ်

"ကျေးဇူးဗျ ---"

ခြစ်ပြီးပြန်ပေးတော့ ထိုလူက အထဲပြန်ဝင်သွားပြီး ခဏကြာတော့ ပြန်ထွက်လာတယ်

"လိုမယ်ထင်လို့ ကောင်တာကငှားလာတာလေ --- ကျနော်က ဆေးလိပ်မသောက်တတ်တော့ ---"

"အော် ---"

ဆောင်းဟန်ဘင်း အခိုးတွေမှုတ်ထုတ်ပြီးမှ အားနာသွားတယ်။ ဒီခပ်ချောချောလူက သူဟိုဝိုင်းမှာထိုင်နေတည်းက တခြားဝိုင်းကနေ သူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေတာ သတိထားမိတာပေါ့။ ဘာလို့မှန်းတော့မသိပေမယ့် ဒီလူက သူနဲ့မိတ်ဖွဲ့ချင်တာဖြစ်မယ်။
ဆေးလိပ်မီးပြန်သတ်လိုက်တော့ ထိုလူက မျက်လုံးအဝိုင်းသား ---

"တယောက်ထဲပျင်းနေလို့ စကားပြောဖော်ရှာနေတာမလား"

"အာ --- ဟုတ်"

ZB1 Winter Stories Where stories live. Discover now