Welcome to Eden Village (Hao + Taerae)

200 14 21
                                    

Unicode

မနှစ်က Feb 14 တုန်းကတော့ ကျန်းဟာအိုတယောက် ချစ်ရသူလက်ကိုတွဲရင်း အပျော်ရွှင်ဆုံး လူသားတယောက် ဖြစ်ခဲ့သည်ပင်။ သို့သော် ဒီနှစ် Valentine's Day မှာတော့ ပျော်ရွှင်ရမည့် မျှော်လင့်ချက် မရှိတော့ပါချေ။ တနှစ်အတွင်း သူ့ဘဝသည် မည်မျှလောက်ပင် ပြောင်းလဲသွားလိုက်သနည်း။ ဤသည်ကိုပင် ဗေဒင်ဆရာက ဟောလိုက်ပါသေး ကံကြမ္မာပြောင်းပြန်လှန်အပြီး အဆိုးတွေထွက်လို့ ဖူးစာရှင်နှင်ဆုံမည်တဲ့....
ယခု လောလောဆယ်တော့ဖြင့် မျက်စိရှေ့စပါးခင်းများသာ တွေ့နေရသည်။

"ဒီအကိုလေးက ကျောင်းဆရာ ကျန်းဟာအိုလား.. "

ဂုံဂျင်းဘူတာရုံရှေ့ ဆွေး၍ပင်မပြီးသေး နောက်ဘက်မှ အာပြဲနဲ့အော်သံကြားလိုက်သဖြင့် လိပ်ပြာပင်လွင့်သွားတော့မလို....
ရင်ဘတ်ဖိပြီး လှည့်ကြည့်လေသော် သွား၃၂ ချောင်းလုံးပေါ်အောင်ရယ်ပြနေသော လူငယ်တယောက်

"ကျုပ်က ဧဒင်ရွာက ကင်ထင်ရယ်ပါ.... သူ‌‌ကြီးက ကျောင်းဆရာ ကျန်းဟာအိုကို လာကြိုခိုင်းထားလို့ဗျ"

"အော် ဟုတ်ပါတယ် ကျနော်က ဧဒင်ရွာမူလတန်းပြ အဖြစ် တာဝန်ကျတဲ့ ကျန်းဟာအို.... ဟို ဘယ်ကို"

သူ့မှာ မိတ်ဆက်၍ပင်မပြီးသေး ဆတ်ခနဲ သူ့အထုတ်အပိုးတွေသယ်သွားသည့် ကင်ထယ်ရယ်ဆိုသူ နောက် အပြေးတပိုင်း လိုက်သွားရသည်။
ဈေးကြီးပေးဝယ်ခဲ့ရသော အရောင်လှလှ သူ့ခရီးဆောင်အိတ်လေးများမှာ အခုတော့ဖြင့် ထော်လာဂျီပေါ်တွင် ကြက်ခြင်းများနှင့် ကောက်ရိုးများကြားမှာ.....
ဤသည်ကိုကြည့်ပြီး မျက်နှာလေးမဲ့နေတုန်း ကင်ထယ်ရယ်က သူ့ကို ခေါင်းအုံးလေးပေးရင်း

"ဆရာလေး ကျုပ်ကို အကြာကြီးစောင့်လိုက်ရလား ... ကျုပ်က ဂုံဂျင်းဈေးထဲမှာ ဆရာလေးအတွက် ဒါ သွားရှာနေရလို့ ကြာသွားတာ"

"အော် ရပါတယ် မကြာပါဘူး ဒါနဲ့ ခေါင်းအုံးလေးက ကူရှင်လိုပဲနော်... ဒီနယ်ရဲ့ ပုံစံထင်တယ်...."

"အာ အဲဒါ ခေါင်းအုံးမဟုတ်ဘူး ဆရာလေး ဖင်ခုထိုင်ဖို့..."

"ဟင်...."

ကင်ထယ်ရယ်က ပြောရင်းပင် ထော်လာဂျီရှေ့ခန်း ယာဉ်မောင်းဘေးတွင် ခင်းပေး၏

ZB1 Winter Stories Tempat cerita menjadi hidup. Temukan sekarang