Unicode
တချို့သော အမှတ်တရတွေက ပျော်ရွှင်ကြည်နူးစရာပေမယ့်
တချို့သော အမှတ်တရတွေကတော့ ဝမ်းနည်းဖွယ်ရာ
ဘယ်လိုအမှတ်တရမျိုးပဲဖြစ်ဖြစ် တူညီတဲ့အချက်ကတော့ အတိတ်မှာကျန်ရစ်ခဲ့ပြီဆိုတာပါပဲ********
"တဆိတ်လောက် ..... ကျောင်းသားရေးရာဌာနကို ဘယ်လိုသွားရတာလဲ"
သူ့အကူအညီတောင်းသံကြောင့် လှည့်ကြည့်လာတဲ့ မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ အပြုံးချိုတဲ့ အမျိုးသားဟာ ကျန်းဟောင့်အတွက် အချစ်ဦးဖြစ်လာခဲ့ပါတယ်
"တည့်တည့်လျှောက်သွား နားနေခန်းဆိုတဲ့ ဆိုင်းဘုတ်တွေ့ရင် ဘယ်ချိုး တွေ့တွေ့ခြင်းအခန်းက ကျောင်းသားရေးရာဌာနပဲ"
ထိုလူက သေချာလမ်းညွှန်လေတော့ ကျန်းဟောင့်လည်း ဉာဏ်မကောင်းတဲ့သူမှ မဟုတ်တာ တခေါက်တည်း မှတ်မိသွားလို့ ကျေးဇူးတင်စကားပြောပြီး ထွက်လာခဲ့မိပြီးမှ သတိရသည်
(တောက် .... မသွားတတ်ဘူးပြော လိုက်ပို့ခိုင်းပြီး ဇာတ်လမ်းဆက်ရမှာကို ....)
ခုမှပြန်သွားကြည့်တော့လည်း မရှိတော့ပေ။
ပထမဆုံး အခွင့်အရေးလက်လွတ်သွားခဲ့ပါသော်လည်း ကံတရားက သူတို့နှစ်ဦးကို ထပ်မံဆုံစည်းစေပြန်သည်********
ညနေပိုင်းတွင် ကျင်းပမည့် Major အလိုက် King နှင့် Queen ရွေးခြယ်ပွဲကို စိတ်မဝင်စားသဖြင့် ကိုယ့် Major ကပွဲတောင် ကျန်းဟောင့် မသွားပါဘူးဆို ညီဝမ်းကွဲရစ်ခီက သူတို့ Major ကပွဲကိုတက်ပြီး မဲပေးဖို့ အတင်းစည်းရုံးနေပြန်သည်
"ကောရယ် .... တခြားသူမှ မဟုတ်တာ ဂယူဘင်းရဲ့ သူငယ်ချင်းပဲဟာ ကူညီလိုက်ပါနော် ...."
"အား .... ရှုပ်ရှုပ်ယှက်ယှက် ....
မင်းသူငယ်ချင်းတောင်မဟုတ် မင်းရည်းစားရဲ့သူငယ်ချင်းကို ငါက ဘာလို့လုပ်ပေးရမှာလဲ""သူက ဒုတိယနှစ်ဆိုပေမယ့် ကျနော်နဲ့လည်း ခင်ပါတယ် အဲ့အစ်ကိုက သဘောကောင်းတယ်
ကော ဘာစားချင်လဲ ကောကို ရှယ်ပြုစုမယ်လေဗျာ
သူ့အိမ်က ကော်ဖီဆိုင်ဖွင့်တာတဲ့ စာသင်နှစ်တဝက်လောက် မနက်စာဖရီးစားရမှာနော်"