နောက်ရက်အနည်းငယ်အကြာ
.
.
.
တော်၀င် ပန်းခြံ ထဲမှာ လက်ဖက်ရည်ထိုင်သောက်နေကြတဲ့ အစ်ကို ဖြစ်သူ မင်းသား Jeonghan, ညီဖြစ်သူ မင်းသား Joshua နှင့် သူတို့ရဲ့ ကျောင်းဖော်ကျောင်းဖက် ၀န်ကြီးချုပ် သားဖြစ်သူ Minghao...သာမန် နေ့တွေလိုပဲ ဘာမှ မပြောင်းမလဲ စကားပြောကြ တိုင်ပင်ကြ ပဲပေါ့
မပြောင်းလဲဘူးလို့ အတိအကျ ပြောချင်ပေမယ့် တစ်ခုသော အရာကြောင့် ပြောလို့ မရပြန်
" Joshua ...." Jeonghan တစ်ယောက် သူ့ ညီ စားပွဲပေါ် မှေးတင်ပြီး တစ်နေရာ ကို စိုက်ကြည့်နေတာ ကြည့်ရင်း လှမ်းခေါ်လိုက်သောလည်း Joshua မှာ ပြန်မထူး
တစ်ခဏအကြာ
"....ဟဲ့ ကောင် အဲ့လောက် စိုက်ကြည့်နေလို့ မီးသာထတောက်ရင် မင်း ကိုယ်ရံတော် အခု အမှုန်ဘ၀ ရောက်နေလောက်ပြီ သိလား " ဖတ်နေတဲ့ သတင်းစာ ကို လုံးပြီး Joshua ခေါင်းအား ရိုက်လိုက်သည်
"အား ! ဘာ...ဘာ ကို စိုက်ကြည့် ရမှာလည်း .... ဘယ်သူ့ကို .... ဘယ်သူက .... အစ်ကိုတော် ထင်ရာ လျှောက် မပြောနဲ့ ..... " Joshua တစ်ယောက် အရိုက်ခံရတဲ့ သူ့ခေါင်းအား ပွတ်ရင်း ငြင်းပြီး ဆူပုတ်နေတော့တယ်
Minghao ကတော့ ဘေး မှာ လက်ဖက်ရည် ခွက်လေးကို ဖြေးဖြေးချင်းမော့သောက်ရင်း စကားစလိုက်သည်
"ဒီကိုယ်ရံတော်တစ်ယောက် စံချိန်ချိုးသွားပြီမလား ...... ခါတိုင်းဆိုရင် တစ်ပတ်တောင် မပြည့်ပဲ ထွက်သွားကြတာ အခု ဘယ်လောက်ကြာ....."
" ရက်နှစ်ဆယ်" Joshua တစ်ယောက် အရိုက်ခံရတဲ့ခေါင်းကိုပွတ်ရင်း ကိုယ်ရံတော် ဆီမှ မျက်စိမလွဲ စိုက်ကြည့်ကာ ဖြတ်ပြောလိုက်တယ်
Minghao မှာ Joshua ကို ကြည့်လိုက် ကိုယ်ရံတော်ကို ကြည့်လိုက် Joshua ဆီ ထပ်ပြန်ကြည့်ပြီး နောက်ဆုံး Jeonghan ဆီ မေးခွန်းမေးသလို ပြူးပြပြီး ကြည့်တော့ Jeonghan မှာ ပခုံးတွန့် ရင်း လက်ရည်လေးကို မော့လိုက်တော့သည်
.
.
.
.
.
.
.
.
" ကဲ မနက်ဖြန် မှ စကားစပ်ကြမယ် ... ကျွန်တော် အဖေ့ အစည်းအဝေးကို လိုက်တတ်ဖို့ ခေါ်ထားတာ အဲ့ဒါ အတွက် စောစော ပြန်ရမှ . . . " Minghao တစ်ယောက် သူ့အိတ်နဲ့ အပေါ်၀တ်ကုတ်အရှည်ကို သယ်ပြီး မင်းသားနှစ်ယောက် အား ဦးညွန့် နှုတ်ဆက်ကာ ပန်းခြံမှ ထွက်ခွာ လာခဲ့သည်။
YOU ARE READING
His Knight [SeokSoo]
Fanfictionလူတွေကို ယုံကြည်မှု မရှိတော့တဲ့ မင်းသား Joshua တာ၀န်က လွဲ ဘာကိုမှ နားမလည် တဲ့ သူရဲကောင်း Seokmin တွေ့ဆုံမှုကတော့ သာမန် ပါပဲ Seokmin တစ်ယောက် Joshua ရဲ့ ကိုယ်ရံတော် အသစ်အနေနဲ့ ရောက်လာတာပေါ့ လူတွေကို မယုံကြည်တဲ့ မင်းသားနဲ့ အလုပ်ကလွဲ ဘာမှမသိတဲ့ သူရဲကော...