မယားပါသမီး(or)My Stepbrother-(Part-7)
''ကိုကို! ..''
''အင်း မှန်တယ် ဒီလို ဆက်ကစားရမှာ''
''ဟုတ်''
တမ်းတခင်က ဘဝမှာပထမဆုံးအခုမှဂိမ်းကစားဖူးတာဆိုတော့ ပတ်ဝန်းကျင်အာရုံမစိုက်နိုင်ဘဲ ဂိမ်းပေါ်မှာပဲ စိတ်ပါဝင်စားနေသည်။
ခါးပေါ်ရောက်နေတဲ့ မာန်စိုင်းခ လက်တွေကို တဖြည်းဖြည်း အပေါ်တိုးလိုက်၍ ထိမိသလိုသဘောမျိုးနဲ့ ရင်စိုင်လေးကို ထိကြည့်မိသည်။ ထိုအခါမှ မျက်ဝန်းလက်လက်တွေက သူ့ကို မနားလည်နိုင်သလို ကြည့်လာ၍..
''ဆောရီး ထိမိသွားတာ''
''ရ..ရတယ် ကိုကို ''
မျက်နှာလေး နီဖြန်းသွား၍ ရှက်သွေးကြွသွားကာ Mouseပေါ် ရောက်နေတဲ့ လက်တွေက တုန်ရီသွားတာကို သတိထားမိလိုက်သည်။
ထိမိသွားတာလေးတောင် ဒီလောက်အရှက်သည်းနေရင် ဟိုတစ်နေ့ညက သူလုပ်ခဲ့တဲ့ လုပ်ရပ်ကိုသာ ပြန်များပြောပြမိရင် ရှက်ပြီးလဲသေသွားမလား ကြောက်ရသည်။
''ကိုကို မီးမဆော့ချင်တော့ဘူး''
ခုနက ဂိမ်းကစားဖို့ပဲ စိတ်ပါဝင်စားပြီး ပျော်ရွှင်တက်ကြွနေတဲ့ တမ်းတခင်က ချက်ချင်းဆိုသလို ဂိမ်းမဆော့ချင်တော့ဘူးပြောတော့ မာန်စိုင်းခ သက်ပြင်းတစ်ချက်ချလိုက်ပြီး တုန်ရီနေတဲ့သူမလက်ဖမိုးလေးပေါ် အသာအုပ်ကိုင်လိုက်ကာ..
''ဘာလို့လဲ တစ်ခါမှမဆော့ဖူးဘူးဆို စိတ်ဝင်စားဖို့ကောင်းတယ် လာ ကိုယ်ပြောပြမယ် ဒါကဒီလို ဒီလိုဆော့ကြည့်''
လက်ချင်း ဆုပ်ကိုင်ထား၍ တစ်ခုချင်းစီ သင်ပြပေးလိုက်သည်။
ကိုကိုက တကယ်ပဲ မတော်တဆ ထိမိသွားတာနေမှာပါ..။
မကြာခင်မှာတော့ တမ်းတခင်လည်း ဂိမ်းပေါ်ပြန်အာရုံစိုက်လာ၍ ကိုကိုသင်ပေးတဲ့အတိုင်း တစ်ခုချင်းစီ လိုက်လုပ်ဖြစ်သည်။ ကိုကို့ရင်ခွင်ထဲမှာ ရောက်နေတာ သိပေမဲ့ မရုန်းဖြစ်တော့သလို တခါတလေ သူမလက်လေးတွေကို လာပွတ်သပ်နေတဲ့ ကိုကို့ကို လျစ်လျူရှူထားပစ်လိုက်သည်။
YOU ARE READING
မယားပါသမီး(or)My Stepbrother
Lãng mạnအခန်းတိုင်းလိုလို warningပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် 🍼🍼🌚🌚🚨🚨