မယားပါသမီး(or)My Stepbrother-(Part-8)
''ဟေ့ကောင် စိုင်း ဘယ်လိုတွေဆော့နေတာလဲကွာ ဒဏ်ရာတွေရသွားဦးမယ်''
ဘောလုံးကစားတာ ဘယ်လိုတွေ ဒေါသတကြီးဆော့နေတာလဲမသိ။ အားကစားလုပ်ပါတယ်ဆိုမှ အပျင်းဖြေသဘောလောက်ပေါ့။ အခုဟာက သည်းကြီးမည်းကြီး ကစားနေတာ တစ်ခုခုထိခိုက်သွားမှာစိုးလို့ အတ္တစစ် သတိပေးသလိုပြောနေပေမဲ့ မာန်စိုင်းခက ဂရုမစိုက်ဘဲ ဘောလုံးကို အသည်းအသန်ဆော့နေသည်။
ဒီကောင်တစ်ခုခုဖြစ်လာပြီဆိုတာ တပ်အပ်သိနေတော့ ရင်ဖွင့်လာမယ့်အချိန်ကိုပဲ စောင့်နေလိုက်သည်။ အသည်းအသန်ကစားနေတဲ့ဘောလုံးကို လုလိုက်တော့ မကျေနပ်သလို သူ့ကိုကြည့်လာသည်။
''ဆက်မကစားနဲ့တော့ ရေသောက်လိုက်ဦး''
ရေတဘူးကို သူ့လက်ထဲ အတင်းထိုးပေးလိုက်တော့မှ ဖောက်လိုက်ပြီး ထိုင်ချလိုက်သည်။အနည်းငယ်ငြိမ်ကျသွားပြီဆိုတော့မှ ဘာဖြစ်လာခဲ့သလဲဆိုတာ မေးခွန်းစမေးရသည်။
''စိုင်း ဘာဖြစ်လာတာလဲ တစ်ခုခုမူမမှန်ဖြစ်နေတာမလား၊ မင်းအကြောင်း ငါအသိဆုံးပါကွာ ပြော ဘာပြဿနာဖြစ်လာတာလဲ''
မာန်စိုင်းခ ရေသန့်ဘူးကို မော့သောက်လိုက်ပြီးသည်အထိ အတ္တစစ် စိတ်ရှည်ရှည်နဲ့ ပြောလာမယ့်စကားကို ဆက်နားထောင်နေလိုက်သည်။ မာန်စိုင်းခက ပြဿနာတွေဆို ကြိတ်ပြီးဖြေရှင်းတာမှန်ပေမဲ့ ဒီလို အပြင်ဘက်ထိ ထွက်လာပုံထောက်ရင် သူတော်တော်လေး ရင်ထဲမှာ ဘောင်ဘင်ခတ်နေတာဖြစ်မည်။
'' မနေ့က တမ်းတခင်နဲ့ငါနဲ့ အတူရှိနေတုန်း သူ့အမေမြင်သွားတယ်၊ အစကတည်းက သူ့အမေက ငါ့ကိုဆို မကြည်ဘူး ငါလည်း ဒီမိန်းမဆို ဘယ်လိုမှကြည့်လို့မရဘူး၊ တမ်းတခင်နဲ့ငါ့ကို စွပ်စွဲလာတယ် ပြီးတော့ သူ့ကိုလည်း ငါ့ရှေ့မှာ ပါးရိုက်သေးတယ်''
''ဘယ်လို..''
''ဟုတ်တယ် ဒီအရွယ်ကြီးထိ အရိုက်ကခံနေရသေးတယ် ပိုဆိုးတာက ငါနဲ့သူ့ကိုစိတ်မချလို့ဆိုပြီး သူ့မိတ်ဆွေသားနဲ့ တမ်းတခင်ကို ချက်ချင်းစေ့စပ်ပေးဖို့ပြင်နေကြပြီ''
YOU ARE READING
မယားပါသမီး(or)My Stepbrother
Romanceအခန်းတိုင်းလိုလို warningပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် 🍼🍼🌚🌚🚨🚨