#chapter641
ကျော်ကြားမှုက ပြဿနာတွေနဲ့ လာတယ် ၁"အမ်...ငါတို့ဘယ်သွားနေတာလဲ ငါ အလုပ်လုပ်ဖို့ ရှိသေးတယ်နော်"
ဟော်မြန် အနည်းငယ် တွေဝေလာသည်။"ငါတို့ အရမ်းမကြာခင် ပြန်လာမှာပါ မစိုးရိမ်န့ဲ နင့်အချိန်အများကြီး မယူပါဘူး"
"အိုကေ"
ဟော်မြန် ခေါင်းငြိမ့်ကာ ဘာမှဆက်မပြောတော့ဘဲ တံခါးဖွင့်ပြီး ဝင်ထိုင်လိုက်သည်။ဆယ်မိနစ်ကျော်မျှ ကြာပြီးနောက် သူတို့ အဆင့်မြင့် အနောက်တိုင်းစားသောက်ဆိုင်ကို ရောက်လာကြသည်။
ကျန်းရှောင်ဝေ လက်မြှောက်ကာ
"ဝိတ်တာ ကျွန်မတို့ မှာမယ်"အ့ဲနောက် သူမ ဟော်မြန်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒီဆိုင်က အသားကင်က အရမ်းကောင်းတာ ငါနင့်အတွက် မှာပေးမယ်""ရတယ်လေ"
ကျန်းရှောင်ဝေက အသားကင်နှစ်ပွဲ၊ အအေးနှစ်ခွက်၊ အရွက်သုပ်န့ဲ ရေခဲမုန့် မှာလိုက်သည်။
ပြီးနောက် သူတို့ လျင်မြန်စွာ စားလိုက်ကြသည်။
နာရီဝက်အကြာတွင် သူတို့နှစ်ဦး စားသောက်ခြင်းကို အပြီးသတ်လိုက်ပြီးနောက် ဗိုက်တော်တော်ပြည့်သွားလေပြီ
ဟော်မြန် သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။
"နင်ငါ့ကို ဒီကို ခေါ်လာတာ အတူစားဖို့သက်သက်ပဲလား""မဟုတ်ဘူး နင်ငါန့ဲ ပါလာတာက blind dateအတွက်ပဲ"
"ဟမ် blind date? သူက ဘယ်မှာလဲ"
ဟော်မြန် ပတ်လည်ကို ကြည့်လိုက်ပေမ့ဲ ဘယ်သူ့ကိုမှ မတွေ့ပေ။"သူမကြာခင် ရောက်လိမ့်မယ် ငါသူ့ကို ၁၂ခွဲ ချိန်းထားတာ ဒါကြောင့် ငါတို့ စားပြီးတာန့ဲ ရောက်လာမှာ"
"အမ်.. ငါတို့ သူမရောက်ခင်အထိ စောင့်သင့်တာ မဟုတ်ဘူးလား ဒီလိုက အဆင်ပြေပါ့မလား"
ကျန်းရှောင်ဝေက မယုံနိုင်စရာပဲဟု ဟော်မြန် တွေးနေမိသည်။ သူမက ချိန်းထားတ့ဲအချိန်ထက် နာရီဝက် စောလာတယ် ချိန်းထားတ့ဲအချိန်ရောက်ရင် သူမကတော့ ဗိုက်ပြည့်နေလေပြီ"ငါက ဘာလို့ သူ့ကို စောင့်ရမှာလဲ ငါမှ သူ့ကို ကောင်းကောင်းမသိတာ"
ကျန်းရှောင်ဝေ ပြောသည်က ကျိုးကြောင်းသင့်ပေသည်။
YOU ARE READING
အချစ်စတင်ခဲ့ရာ Vol.3 (641-??)
Romancenovelအကြောင်းကို အရင်volတွေမှာ သွားကြည့်ပေးပါနော် သွင် အတတ်နိုင်ဆုံး updateနိုင်အောင် ကြိုးစားပါ့မယ်