651-660 (z+u)

87 5 2
                                    

Zawgyi

#chapter651
အဆိုးဆုံးကြောက်ရွံ့မှုက ဖြစ်လာပြီ ၁

"ကျွန်မသာ ကြောက်နေရင် မောင်နဲ့ လက်ထပ်မှာတောင် မဟုတ်ဘူး"

သူမက ကြောက်ရွံ့ရမှာလား သေချာပေါက် နိုးပေါ့ သူမက ဘယ်အရာကမဆို ပြန်ရှင်သန်နိုင်တဲ့ အကြောက်အရွံ့ကင်းတဲ့ ဟော်မြန်ပင်။

စကားတွေက ကြောက်ဖို့ကောင်းပေမဲ့ နားထောင်တဲ့သူတွေအတွက်သာ ကြောက်ဖို့ကောင်းပေသည်။ အမှန်တရားကို သွေဖယ်နေတဲ့ စကားတွေကို သူမက ဘာလို့နားထောင်နေရမှာလဲ

ထိုစကားတွေက သူမအတွက် လေလည်တဲ့အသံအပြင် မပိုပေ။

ဟော်မြန့်စကားက ချင်းချူကို ထိပေသည်။

သူ့ဇနီးလေးက လှိုင်းတံပိုးတွေကြားက ရှင်သန်လာတဲ့ သန်မာတဲ့ပန်းလေးဆိုတာ သူသိပေသည်။

GKရဲ့ PRဌာနက အရူးမဟုတ်ပေ။ ထိုဖြစ်ရပ် ပျံ့နှံ့သွားသည်နှင့် PRဌာနက ချင်းချူနဲ့သူ့ဇနီးကို GKကို ကာကွယ်သလိုမျိုး ချက်ချင်း ကာကွယ်ကြသည်။

သူတို့က အင်တာနက်အသုံးပြုသူတစ်ချို့ကိုပါ ငှားရမ်းကာ အမှန်တရားကနေ သွေဖယ်ပြီး ပြောနေကြသူတွေကို ပြန်တိုက်ခိုက်ကြသည်။

ထိုညမှာ ချင်းချူက စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေသည်။

ဟော်မြန်ကတော့ ဆိုဖာကို မှီကာ ဖုန်းသုံးရင်း အသင့်စားမုန့်တွေ စားနေ၏

သုံးရင်းနဲ့ သူမ weiboထဲ ရည်ရွယ်ချက်မရှိဘဲ log inလိုက်သည်။ weiboမှာ သူမတစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးတာတွေ ဖြစ်နေတာကို တွေ့တဲ့အခါ သွေးအန်လုနီးနီး ဖြစ်သွားလေသည်။

သူမရဲ့ weibo အကောင့်က follower ရာဂဏန်းပဲ ရှိရာက အခု ခြောက်သိန်းကျော်သွားလေပြီ

သူမရဲ့ ဟိုးရှေးရှေးတုန်းက ပို့စ်တွေတောင် ဖန်တွေလက်ထဲ ပြန်ရောက်နေ၏

လူနှစ်သောင်းကျော်က ပြန်တင်ထားပြီး ကွန်မန့်တစ်သောင်းကျော်ရှိနေလေသည်။

ထိပ်ဆုံးကွန်မန့်မှာဆို
(ဟော်မြန် တို့တော့ မင်းကို အရမ်းသဘောကျတာပဲ တို့မင်းကို မသိပေမဲ့ မင်း ချင်းချူရဲ့ ဇနီးဖြစ်ဖို့နဲ့ သူ့ဘေးမှာ ရပ်ဖို့က ခက်ခဲတဲ့လမ်းဆိုတာကို တို့သိတယ် မင်းက စင်ဒရဲလားပုံပြင်ကို အသက်သွင်းခဲ့တာပဲ တခြားသူတွေပြောတာကို လျစ်လျူရှုလိုက် တို့ကတော့ မင်းကို ၁၀၀%ထောက်ခံပေးနေမယ်)
ဟူ၍ပင်။

အချစ်စတင်ခဲ့ရာ Vol.3 (641-??)Where stories live. Discover now