2

214 32 14
                                    


[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so  please read at your own risk.]

ကျောင်းသားကောင်စီအလုပ်တွေဟာ နွေရာသီမတိုင်ခင် ကျောင်းခဏပိတ်ပြီးနောက် ကျောင်းပွဲတော် ရာသီတွေဖြစ်လာတာနှင့်အမျှ ရှူပ်ယှက်ခက်နေနေလျက်။

ဘေးအိမ်က ကလေးလည်း နောက်နှစ် ကျောင်းသားရေးရာဘက်ကိုစိတ်ပါလာရင် ကောင်းမယ်။
ကျန်းဟောက်ကတော့ ကျောင်းမှာ ရှိတော့မှာ မဟုတ်ပေမဲ့။

ဆေးကျောင်းတက်ချင်တာရော ဟုတ်ရဲ့လား။
ရေရှည်အစီအစဉ်နဲ့ အခုကတည်းက ကြိုးကြိုးစားစားလုပ်နေရမှာကို အရမ်း အေးဆေးဖြစ်လွန်းနေတယ်လေ ထယ်ရယ်က။

ကျန်းဟောက်က အရင်သွားပြီးမှ မရောက်လာရင် ဘယ်လိုလုပ်မလဲ။

မဟုတ်သေးဘူး.. တက္ကသိုလ်အတူတူ သွားရအောင် ဘာမှမှ မဟုတ်ပါပဲနဲ့။


အိမ်ကို တော်တော်လေးနောက်ကျမှအပြန် နောက်ဖေးလမ်းကြားတစ်ခုမယ် ဖြတ်သွားရင်း ရုတ်ရုတ်သဲသဲအသံတွေကြောင့် ကျန်းဟောက်မသိမသာချောင်းကြည့်မိသည်။

" အသစ်ရောက်လာတယ်ဆိုပြီး ညှာပေးမယ်များ ထင်နေတာလား ဟမ်။ ဘယ်ကိုလာပြီး စကားကို မဆင်မခြင်နဲ့—"

ကျောင်းသားတစ်စုက မျက်မှန်ဝိုင်းနဲ့ ကောင်လေးတစ်ယောက်ကို ဝိုင်းဖွဲ့ပြီး အနိုင်ကျင့်နေကြတဲ့ပုံ။
အနိုင်ကျင့်နေတာထက် အနိုင်ကျင့်ဖို့ ပြင်နေတာနဲ့ တူတယ်။

ဒီအတိုင်းဆိုရင် လျစ်လျူရှူသွားမှာပေမဲ့ ကျောင်းဝတ်စုံက ကျန်းဟောက်ရဲ့ ကျောင်းဝတ်စုံနဲ့ တူနေလို့ မျက်မှောင်ကြုံ့မိသား။

ဝင်မပါဘူးလို့ စဉ်းစားပြီး ကျော်သွားလိုက်တဲ့အချိန် မျက်လုံးထောင့်ကနေ လှစ်ကနဲ ဝင်လာတဲ့ အရိပ်။

" ထယ်ရယ်က အဲ့အုပ်စုထဲ ဘာလုပ်နေတာတုန်း"

အံမယ်..လူကဖြင့် အထက်တန်းဒုတိယနှစ်ရှိသေး။ အနိုင်ကျင့်တဲ့ အုပ်စုနဲ့ ပေါင်းပြီး လက်ထဲမှာ ဆေးလိပ်နဲ့။

ဟော...ကျန်းဟောက်မှာတော့ ဒါမျိုးတွေ လက်တည့်စမ်းဖို့နေနေသာသာ တွေးတောင်မတွေးအားတာကို။

heart in the neighborhoods [하태하태] ✔️Where stories live. Discover now