4

197 27 8
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so  please read at your own risk.]

[ eighteen-nineteen ]

ဆက်ဆံရေးကို အဖြူရောင်လို့ပြောရအောင်ကလည်း ဟိုးကတည်းက ပန်းရောင်သန်းနေခဲ့တာ။
အဖြူရောင်မဟုတ်မှန်း သေချာမြင်တဲ့အချိန်မှာလည်း ထိုအချက်ကို ဝန်ခံမှာတော့ မဟုတ်ကြချေ။

ဆယ်ကျော်သက်နှစ်ယောက်ရဲ့ စိတ်ကစားမှူသာသာသည် အကြုံးမဝင်ခြင်းနဲ့ ညီမျှတာကြောင့်။

༻✦༺

အချိန်ကြာတာနဲ့အမျှ သစ်ရွက်တွေကို လေလှပ်သယောင်ယောင် ခံစားချက်တွေဟာ အေးစက်သွားလိမ့်မည်။

မဟုတ်လျှင်လည်း အနည်ထိုင်သွားရုံရှိလိမ့်မည်။

ငြိမ်သက်နေတဲ့ရေပြင်ပေါ်ကို ခဲပစ်ချလိုက်သလိုမျိုး ပြန်ဆွပေးမည့် ခဲလုံးတစ်လုံးသာ လိုအပ်နိုင်ပါ၏။



" မနီးနေတော့တဲ့ လူနှစ်ယောက်က ဝေးသွားမှာပဲ။ ကောက အဲ့တာကို ဇွတ်ငြင်းနေတယ်။ ကျွန်တော်မှန်မှန်ပြောနေတာ မြန်မြန်လက်ခံလိုက်စမ်းပါ။"

" ဟာ ပြောပြန်ပြီ အဲ့လိုစကားတွေ"

ခါးခါးသီးသီး အကြောင်းအရာ မကြိုက်ပါ။ အထူးသဖြင့် ထိုကလေးလေးက ဝေးတယ်ချည်း ပြောနေရင် ကျန်းဟောက်ကတော့ ငြင်းချင်သည်။ ပိုပြီး နီးအောင်သာ ပြုချင်သည်။

တခြား ဘာကြောင့်ရယ်မှတော့ မဟုတ်။
ဒီအတိုင်းပဲ..ဘေးကနေ ပြဿနာရှာပေးမယ့်သူ မရှိရင် ပျင်းဖို့ကောင်းတယ်လေ ကျန်းဟောက်ဘဝက။

" တက္ကသိုလ်နဲ့ နီးတဲ့ဆီကို ပြောင်းမယ်ဆိုလည်း ကျွန်တော့်ကို နားပူအောင်မလုပ်နဲ့။ မြန်မြန်ထွက်သွား။ နောက်မှ အလည်လာခဲ့မယ်"

ကျန်းဟောက်ရဲ့ ပစ္စည်းတွေကို ကူသယ်ပေးနေတဲ့ ထယ်ရယ်က ကားထဲသို့ စာအုပ်ပုံးတစ်ပုံး ထည့်ပေးရင်း လက်ကိုခါကာ ပြောလာ၏။

နှာတံပေါ်က မျက်မှန်ကိုပင့်တင်ရင်း ကျန်းဟောက်ကို မခန့်လေးစားကြည့်တဲ့ ကလေးဟာ အမှန်တော့ အရွယ်ရောက်နေလေပြီ။

heart in the neighborhoods [하태하태] ✔️Where stories live. Discover now