EP 1. Uni

414 8 0
                                    


" တာယံရေ 

  ယသော်တာယံ

  ဟဲ့ ၊မနိုးသေးဘူးလား "



" ဟုတ်မေမေ

   နိုးပြီဗျ "



" နိုးရင်လည်းအောက်ဆင်းလာလေ

   ညနေကျရင်ငါ့ဖောက်သည်တွေလာမှာ

   အဲ့ဒါငါ့အခန်းကိုသန့်ရှင်းရေးလုပ်ထား

   ညနေသူတို့လာရင်သုံးဖို့လိုတဲ့ပစ္စည်းတွေ

   သွားဝယ်။ ငါအလှပြင်ဆိုင်သွားအုံးမယ်

  သူတို့လာရင်နင်အိမ်ထဲဝင်မလာနဲ့

   အပြင်မှာပဲနေ။ ကြားလားငါပြောတာ "


" ဟုတ် "


" ကြားရင်လည်းဟုတ်ကဲ့မမကြားပါတယ်လို့ဖြေလေ

    လူတွေရှေ့မှာငါ့ကိုမေမေလို့ထပ်ခေါ်ရင်

    နင့်ပါးစပ်ကိုဆွဲဖြဲပစ်မယ် "


" ဟုတ်ကဲ့ "


" အလကား

   စောက်သုံးမကျတဲ့အကောင်

   နင်သာယောကျာ်းဖြစ်ပြီးငါ့ကို့ကာကွယ်စောင့်ရှောက်

   နိုင်ရင်ငါလည်းဒီလိုအလုပ်မျိုးလုပ်ရမှာမဟုတ်ဘူး

   အခုတော့နင့်ပုံနင်လည်းကြည့်အုံး

    ပျော့ညံ့လိုက်တာဆိုတာ

    ဟဲ့ဘာလုပ်နေတာလဲ

    ပစ္စည်းသွားဝယ်လေ " 


" ဟုတ် ဟုတ်ကဲ့မမ "



ဒါတွေအားလုံးကျနော့်ကြောင့်ဖြစ်ရတာပါ။ ငယ်ငယ်တည်းကဒွိလိင်တစ်ယောက်အဖြစ်မွေးဖွားလာခဲ့ရတယ်။မွေးလာတော့လည်းကံဆိုးမှုအပြည့်နဲ့။

ကျနော့်အမေကအသက် ၁၅ နှစ်အရွယ်ထဲကအပျော်မယ်အလုပ်လုပ်တော့bar ကိုလာတဲ့ဧည့်သည်တစ်ယောက်နဲ့မှားယွင်းပြီးကျနော့်ကိုရရှိခဲ့တယ်။မှားယွင်းခဲ့တဲ့သူကနိုင်ငံခြားသားသူဌေးဆိုတော့အမေ့ကိုပိုက်ဆံပုံပေးပြီးထားခဲ့တာပေါ့။အမေကတစ်ခါတစ်လေနည်းနည်းဆိုးရွားပေမယ့်အခုလိုအသက်၁၄ နှစ်ရောက်တဲ့အထိကျွေးမွေးထားတာပဲလေ။ကျနော်အမေ့ကိုမမုန်းပါဘူး။

ဈေးကိုသွားဖို့အိမ်ကထွက်လာတော့လမ်းကလူတွေရဲ့တီးတိုးစကားပြောသံတွေကြားရတာပေါ့။တချို့ကြတော့လည်းတမင်ကြားအောင်ပြောကြတာပေါ့။


" ရွှေစင် အဲ့ဒါငါပြောတဲ့တစ်ယောက်လေ

  မိန်းမလိုလိုစောက်ခြောက်လိုလိုပုံနဲ့နွဲ့နေတာ "


" အော် ၊ မဝင်းရီပြောတဲ့မဝင်းရီသားနဲ့တစ်ကျောင်းထဲ

   ဆိုတာ"


" အေးလေဟယ်၊ ငါ့သားကိုတောင်ဘာဆေးတွေနဲ့

  မြူဆွယ်ထားမှန်းမသိ။အဲ့ကောင်မှအဲ့ကောင်ဖြစ်နေ

  တာ"


" ရွှေစင်လည်း

 သားကိုစိတ်မချတော့ဘူးအဲ့ကျောင်းမှာမထားတော့ဘူး

  တော်ကြာလာမြူဆွယ်နေရင်ဒုက္ခ "


" မထားနဲ့ရွှေစင်

  ဒီလိုယောကျာ်းတွေရှိနေလို့ယောကျာ်းစစ်တွေ

  သိက္ခာကျတာ။လူကလူအလုပ်မလုပ်ဘူး။

  အလကားခွေးမျိုးတွေ "


ဒီလိုစကားတွေကြားရတာကျနော့်အတွက်ရိုးအီနေပါပြီ။အသက်ရှင်နေရတာကိုတောင်စိတ်ကုန်လာရတဲ့အထိကျနော်နေထိုင်ရတဲ့ဘဝကနာကျင်မှုအပြည့်နဲ့။

Kensuchi


Babe. ( Z + U) 21+ 🚨🌚Where stories live. Discover now