" ဒေါက် ဒေါက် ဒေါက် "
မနက်နေရောင်ထိုးသည်နှင့်အချိန်မှန်ခေါက်နေကျတံခါးခေါက်သံကအိပ်ပျော်နေသူဧ။်မျက်ခုံးအစုံကိုအလိုမကျစွာတွန့်ချိုးသွားစေသည်။အိပ်ခန်းအတွင်းအလှဆင်ထားသောတန်ဖိုးကြီးရှေးဟောင်းတိုင်ကပ်နာရီကြီးမှနာရီလက်တံများက ၇ နာရီမတ်တင်းတိတိညွန်ပြနေလေပြီ။
" သခင်လေးအောက်မှာလူစုံနေပါပြီ "
" အေးငါလာခဲ့မယ်လို့ပြောလိုက် "
ညကမှသောက်ထားသည့်အရှိန်ကြောင့်လူတစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပင်။အခုမှမထလျှင်လည်းဘိုးတော်ကြီးကကောတော့မည်။ရေကိုလျှင်လျှင်မြန်မြန်ပင်ချိုး၍သိန်းရာချီတန်တန်ဖိုးကြီးအဝတ်အစားများရှိရာအဝတ်လဲခန်းထဲမှတီရှပ်လက်ရှည်အပြာနုရောင်လေးနှင့်စတိုင်ပန်အနက်ရောင်လေးကိုတွဲဖက်ဝတ်ဆင်ကာအောက်ထပ်ရှိထမင်းစားခန်းထဲသို့ဆင်းလာခဲ့သည်။၁၆ ပေအရှည်ရှိငွေမင်ရောင်ကျောက်သားများဖြင့်ထုဆစ်ထားသောစားပွဲကြီးနှင့်အပြည့်ချထားသည့်စားသောက်ဖွယ်ရာများနှင့်စားပွဲကြီး၏တစ်ဖက်တစ်ချက်စီတွင်ထိုင်နေကြသောသူများ။
" ဟင်နရီဒေးဆက်ငါတို့မင်းကိုစောင့်နေတာနာရီဝက်ကျော်နေပြီ။ဒီအသက်အရွယ်ရောက်နေပြီ။ငါတို့ကိုနည်းနည်းပါးပါးလေးစားမှုရှိဦး"
" ကျနော်မလေးမစားလုပ်တာမဟုတ်ရပါဘူးဗျာ။ဟောဒီကကျနော်သိပ်ချစ်ရတဲ့ကျနော့်ရဲ့ဖေဖေမြို့တော်ဝန်ကြီးဦးရှိန်ဒေးဆက်နဲ့ကျနော်သိပ်ကိုချစ်ခင်လေးစားရပါတဲ့ကျနော့်ရဲ့မိထွေး၊ဖေဖေ့ရဲ့မယားငယ်မလေးကိုမလေးမစားမလုပ်ရဲပါဘူးဗျာ"
ဟင်နရီပြောလိုက်လို့သိသိသာသာပျက်ယွင်းသွားတဲ့ပုံစံတွေကဖေဖေနဲ့ဒေါ်မေလေးခင်ဒေါသမည်မျှထွက်သွားသည်ဆိုတာကိုမျက်နှာပေါ်တွင်အတိုင်းသားမြင်ရသည်အထိ။
" ကိုကို!သူမေလေးကိုဘယ်လိုတွေပြောနေတာလဲ။မေလေးမှားတာဆိုလို့ကိုကို့အပေါ်ထားမိတဲ့အချစ်တစ်ခုထဲပါ။မေလေးအရမ်းမှားသွားလားဟင်"
" ဝိုးးးး၊ အကယ်ဒမီရှော့ကတော့ရှယ်ကောင်း။Bar ဆိုင်ကအပျက်မလို့မပြောရဘူး။ဟုတ်ပါပြီ၊ခင်ဗျားနဲ့အသက်၂၀ ကျော်ကွာတဲ့ခင်ဗျားအဖေအရွယ်ကြီးကိုလေ။သူ့ကိုပဲချစ်တာလားသူ့ငွေတွေကိုရောမချစ်ဘူးလားဒေါ်မေလေးခင် "
" တောက် ! မင်းပါးစပ်ကိုပိတ်လိုက်တော့။ဟင်နရီဒေးဆက်။ငါမင်းကိုထိုးမိတော့မယ်နော် "
" ကိုကြီးဘယ်လိုပြောလိုက်တာလဲ။အဲ့ကောင်မကြောင့်ညီမလေးတူကိုထိရဲထိကြည့်။အဲ့ကောင်မမျက်နှာကိုစုတ်ပြတ်သတ်သွားအောင်ရေနွေးပူနဲ့ပက်ပစ်မှာ"
" ဘာ!ဝသာန်ဒေးဆက်၊နင်ကကိုယ့်တူကိုမဆုံးမဘဲငါ့ကိုပြန်ခံပြောနေတာလား"
" တော်ကြစမ်း၊ငါ့ကိုသွေးတိုးပြီးသေအောင်လုပ်နေတာလား။ရှိန်ဒေးဆက်နင့်ပါးစပ်ရော၊နင့်ဟာမပါးစပ်ရောအခုပိတ်။အားလုံးမနက်စာစားမယ် "
Daysatt Group CEO လည်းဖြစ်မြို့တော်ဝန်လည်းဖြစ်တဲ့ဦးရှိန်ဒေးဆက်အပြင်တစ်အိမ်လုံးပေါ်တွင်ဩဇာညောင်းလှသည့်သူကားဟင်နရီ၏အဘွားတစ်ချိန်ကမင်းမျိုးမင်းနွယ်အနွယ်ဝင်တစ်ဦးဖြစ်သည့်ဒေါ်ဝဏ္ဏသီဂီကလျာဒေး။
ထမင်းစားပွဲကထပြီးကားသော့ယူနေတဲ့ဟင်နရီ။
" မြေးငယ် ထမင်းမစားဘူးလားကွယ်။အပြင်မသွားပါနဲ့လားမြေးငယ်အစာမစားရင်ဗိုက်အောင့်နေမှာ"
" တော်ပြီဘွားဘွား။စားချင်စိတ်ကုန်ပြီ "
ဟင်နရီလည်းထွက်သွားပြီးရောအားလုံးအကြည့်တွေကမေလေးဆီရောက်လာပြီးစိုက်ကြည့်နေကြတာများ
မေလေးကပဲနှင်ထုတ်လိုက်တာကြလို့။ဒီလိုတွေအလိုလိုက်ထားလို့ဒီကောင်လေးဆိုးနေတာ။တွေ့ကြသေးတာပေါ့ဟင်နရီဒေးဆက်။
ကားထဲမှာတော့ဟင်နရီဒေါသတွေအရမ်းထွက်နေတယ်။မိတဆိုးေလးမို့လို့အလိုလိုက်ခံထားရပြီးအဖေကပါနောက်မိန်းမယူလိုက်လို့သနားပါတယ်ဆိုတဲ့ပတ်ဝန်းကျင်ကလူတွေရေကျုပ်ကတော့လီးပဲ။
ကြွေပြီဗျာ
ရှည်သွားသလားလို့
မနေ့ရောဒီနေ့ေရာပူးတွဲ update
Kensuchi
YOU ARE READING
Babe. ( Z + U) 21+ 🚨🌚
Short Storyကလေးလေးကကိုယ့်အပိုင်babe ။ Adults and mature people can read Don't read the children 🙏 🚨🚨🚨🚨🌚🌚🌚🌚🌚