ဝတ်မှုံသည် ယိုင်တိုင်တိုင်ဖြစ်နေသော သိပ်ချစ်ကို အသာတွဲရင်း သူမရဲ့ အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။ အခန်းဟာ သန့်ရှင်းသပ်ရပ်ပြီး ကျယ်ဝန်းလှသည်။ ဘေးမှာ စာကြည့်စားပွဲ၊ မှန်တင်ခုံ၊ အဝတ်ဗီရို၊ စာအုပ်စင် သေးသေးလေး တို့ဟာ နေရာတကျ လေးရှိနေသည်။
ဝတ်မှုံသည် နှစ်ယောက်အိပ်ခုတင် ပေါ်သို့ သိပ်ချစ်ကိုထိုင်စေသည်။
"ကဲ ညီမလေး ဒါအစ်မ အခန်းပဲ အိပ်ချင်အိပ်လို့ရပြီနော်" ဝတ်မှုံပြောရင်း အနည်းငယ်ဝဲကျ နေသောဆံနွယ်ရှည်တို့အား စုသိမ်းပြီး တစ်ဖက်သို့လှည့်ကာ လုံချည်ကို ပြင်ဝတ်နေသည်။ ထိုစဉ် ....
"အားနာပေမဲ့ ကျွန်မကို ရေ..ရေလေးခပ်ပေးလို့ရမလား"
"ဟင် အော် ရတာပေါ့ ခနလေးနော်"
မျက်လုံးအကြည့်တို့သည်ရီဝေဝေ ဖြစ်နေပြီး နဂို ချိုသာသည့်အသံကို အနည်းငယ် ခပ်တိုးတိုးလေး နိမ့်ပြောကာ သူမကို ရေခပ်ပေးရန် တောင်းဆိုလာသည့် ရှေ့က ကောင်မလေးကြောင့် ဝတ်မှုံခေတ္တ ကြောင်သွားသည်။ ခပ်သွက်သွက်လေးဖြင့် ဝရံတာဘက်သို့သွားကာ ရေခပ်ပေးရတော့သည်။
..........................................."ညီမလေး ဒီမှာ ရေလေးသောက်လိုက်ပါအုံး"
"ကျေးဇူးပါပဲ .....
အင့် ဝေါ့!"
"အဆင်ပြေရဲ့လား ညီမလေး အန်ချင်လို့လား အစ်မ သန့်စင်ခန်း ခေါ်သွားပေးရမလား"
ရေသောက်လိုက်မှ ပိုဆိုးကာ အန်ချင်လာသည်။ သို့သော် သိပ်ချစ်ထိန်းနိုင်ခဲ့ပါသည်။
"ရတယ်အစ်မ ကိစ္စမရှိပါဘူး"
"အစ်မ အောက်ဆင်းပြီး ကူလုပ်စရာရှိတာ ကူလိုက်ဦးမယ်နော်"
"နေအုံး!"
အနည်းငယ် ကျယ်တဲ့ ခေါ်သံကြောင့် ဝတ်မှုံ ခြေလှမ်းတွေ ရပ်သွားသည်။
"ဟင် ဘာလို့"
"အစ်မ အိင်္ကျီ ကြယ်သီး ပြုတ်နေတယ် နောက်မှာ"
သူမပြောမှ ဝတ်မှုံကိုယ့်နောက်ကျောကို စမ်းမိသည်။ ဟုတ်ပါရဲ့ ကြယ်သီးက ပြုတ်နေတာ ပြန်တပ်ဖို့ကျ လက်ကလဲ မမှီမကမ်း။
YOU ARE READING
"အချစ်တဲ့လား"
Romance"သိပ်ချစ် မင်းကလေ အစ်မရဲ့ စိတ်ကိုဂယောင်ခြောက်ခြား ဖြစ်စေတဲ့ ပထမဆုံးလူပါပဲ သံသရာတကွေ့မှာ ထပ်မတွေ့ဖြစ်ဖို့ ဆုတောင်းပါတယ်" "မူးပြီးမှားခဲ့တဲ့ အမှားမို့ စိတ်ထဲမထားနဲ့ လို့ပြောရင် အစ်မစိတ်ဆိုးမှာလား" »»အချစ်တဲ့လား«« ဒီဇာတ်လမ်းလေးက ငြိမ့်ငြိမ့် လေးပဲသွာ...