Part 12

1.4K 54 0
                                    

သိပ်ချစ် ကိုယ့်အကြောင်းကိုယ် တွေးနေမိသည်။ စေ့စပ်ပွဲတုန်းကလဲ စိတ်အဆင်မပြေလို့ သူငယ်ချင်းတွေနဲ့ အတူ ရွာဘက် အပန်းဖြေထွက်ခဲ့သော်လဲ၊ အဲ့ဒီရွာမှာ မထင်မှတ်ပဲ ဖြစ်ခဲ့တဲ့ အမှားတစ်ခုကြောင့် စိတ်ပင်ပန်းရပြန်တယ်။ အဲ့ဒီအကြောင်းအရာတွေမေ့ပြီး ဘဝသစ်စဖို့ လုပ်ပြန်တော့ အချစ် ဆိုတဲ့ နှောင်ကြိုးလေးဟာ သိပ်ချစ်ကို ချည်နှောင်ခဲ့သည်။ အချစ်နဲ့ အနီးဆုံးမှာ ရှိနေခဲ့ပေမဲ့ အချစ်ကို တန်ဖိုးမထားတတ်ခဲ့လို့ အချစ်ဟာ ကိုယ်နဲ့ အဝေးဆုံးအထိ ထွက်သွားလိုက်တဲ့ အခါ နှစ်ဆ ပိုခံစားရပြန်တယ်။ သေချာတွေးကြည့်ရင် သိပ်ချစ်ဘဝမှာ ပျော်စရာတွေဟာ မရှိတော့သလိုပဲ။ အိုး မဟုတ်ဘူး ပျော်စရာတွေ မရှိတော့တာ မဟုတ်ဘူး၊ အရင်ကတည်းက ရှိကို မရှိခဲ့တာ။

“ ညီမလေး! ဘာတွေတွေးနေတာလဲကွ! ကားပေါ်တက်‌ လေ”

“ ဟင်!အော် ဟုတ် ဟုတ်”

ဂျွန်စိတ်မကောင်း ဖြစ်သွားသည်။ အရင်က သိပ်ချစ်က ဒီလိုမှ မဟုတ်ပဲ။ အရာရာ ထက်မြက်တဲ့ ၊ စမတ်ကျလွန်းတဲ့ ၊ သဘောကောင်းလွန်းတဲ့ သိပ်ချစ်၊ စကားနည်းတာကလွဲရင် ဘက်စုံတော်တဲ့ သိပ်ချစ်ဟာ ပျောက်ခြင်းမလှ ပျောက်ကွယ် ခဲ့ပါရောလား။
ဖြစ်ကြောင်းကုန်စင် အကုန်သိပြီးတဲ့နောက် ဂျွန်သည် သိပ်ချစ်ကို အလွန်သနားမိသွားသည်။ ထို့ကြောင့် ဝတ်မှုံ၏ ရွာသို့ သွားကာသူမကို ပြန်ခေါ်လာဖို့ ကားဖြင့် ခရီးထွက်လာခြင်းပင်။ သိပ်ချစ်ကမိဘတွေကို ခေါ်
လာချင်သေးသည်။ သို့သော် ဂျွန်က လူကြီးတွေကိုအပူမပေးသေးနဲ့ အုံးလို့ ပြောထားသည်မို့ နှစ်ယောက်သားပဲ ထွက်လာခဲ့ကြသည်။

ကလင်!ကလင်!

“ Hello  ခင်ဗျာ!”

ဂျွန်ကားကို လမ်းဘေးချရပ်ကာ ဖုန်းကို တစ်ဖန်ပြန်ခေါ်သည်။ သိပ်ချစ် မအူမလည် လေးဖြင့် အစ်ကို့ ကို ကြည့်တော့ အစ်ကို့ မျက်ဝန်းတွေမှာ မျက်ရည်စတို့ ဝဲတက်နေသည်။

“ ဘယ်လို ! ဘယ်လို ဖြစ်ရတာလဲဗျာ”

“.........”

“ မဖြစ်နိုင်တာ !ကျွန်တော်! ကျွန်တော်မယုံဘူးဗျာ”

"အချစ်တဲ့လား"Where stories live. Discover now