#Unicode
"တစ်လှမ်း... နှစ်လှမ်း...xxxxxxx
ဆယ်လှမ်း...ဟုတ်ပြီ ခဏရပ်...''လမ်းလျှောက်နေတဲ့ ရဲမက်က ရပ်သွားသည်။
"ရပြီ ဆက်လျှောက်....
တစ်နှစ်သုံး...xxxxxxxxxxxတစ်ဆယ့်ငါး...
ပြန်လှည့် ပြန်လှည့်...''ရဲမက်က ပြန်လှည့်သွားသည်။
"ဟိုတစ်ယောက်က ဓားကို ဘက်ပြောင်း...
ဟိုတစ်ယောက်က..xxxxxxx......''မင်းသားငယ်လေးရိပေါ်က မျက်လုံးလေးတွေ မှေးကျဥ်းကြည့်ပြီး အဝေးက ရဲမက်တွေလှုပ်ရှားပုံကို လက်လေးနဲ့ ထောက်ကာ ဆိုတော့
ရဲမက်တွေဟာ မင်းသားလေးပြောတဲ့အတိုင်း
လုပ်ဆောင်ကြသည်။မင်းသားရိပေါ်နေထိုင်ရာရဲတိုက်က နန်းတော်ဧရိယာကျယ်ကျယ်ကြီးရဲ့ အလယ်မှာရှိသည်။သေသေချာချာဆောက်လုပ်ထားသည့် ဒီနန်းမြင့်မျှော်စင်က နန်းတော်ဧရိယာထဲမှာ အမြင့်ဆုံး အဆောက်အဦး၊တစ်ခုတည်း
သီးသန့်ကွဲထွက်နေတဲ့ အဆောက်အဦးဖြစ်သည်။
ပတ်ပတ်လည်မှာ ရဲမက်အစောင့်အကြပ်များစွာ ရှိသည်။မင်းသားငယ်လေးက အစောင့်ရဲမက်တွေကို အပေါ်ကနေ နေ့စဥ်မြင်တွေ့နေရတာကြောင့် ရဲမက်တစ်ယောက်ချင်းစီရဲ့ လှုပ်ရှားပုံတွေ၊လုပ်တတ်တဲ့အမူအကျင့်တွေကိုပင် အလွတ်ရနေပြီ ကြိုသိနေပြီဖြစ်တာကြောင့်
ထပ်တူကျအောင် ခန့်မှန်းပြောနိုင်သည်။"တွေ့လား တွေ့လား မိုက်ကယ်နဲ့ ဝေလျံ
ငါအစွမ်းသုံးနေတာလေ...ဟဟ...''ဒါကို အစွမ်းသုံးထားသယောင်ယောင် ဟန်ပန်အမူအရာနဲ့
သူ့ကိုယ်သူ အကြားအမြင်ဆရာလိုလို
မျက်လှည့်ဆရာလိုလိုအမူအရာလေးနဲ့
ဂုဏ်ယူပြနေသည်။ဝရံတာဘောင်ပေါ် ထိုင်နေတဲ့ ကြောင်ဖြူလေးမိုက်ကယ်နဲ့ ကြောင်ဝါလေးဝေလျံက ရိပေါ်ကို စူပုတ်ပုတ်လးတွေ ကြည့်လာသည်။
"အဟမ်း...အဟမ်း...ဟုတ်ပါပြီ...ဟုတ်ပါပြီ...
ငါ့မှာအစွမ်းမရှိပါဘူးနော်...ဒါပေမဲ့ တစ်ခါတလေ မင်းတို့တွေ မသိချင်ယောင်ဆောင်ပေးလို့်မရဘူးလား...ဟွန့်...''"ညောင်...ညောင်....''
"ဟဟ...''
ရိပေါ်က စိတ်ကောက်သလိုလေး ပြောမှ
အသံပေးပြီး ခြေထောက်ကို ပွတ်သီးပွတ်သပ်လုပ်လာတဲ့ မိုက်ခ်နဲ့ ဝေလ်ကြောင့်
ရိပေါ်က သဘောတကျရယ်သည်။
ရယ်နေရင်းက အဝေးက မြို့ကြီးကို မြင်လိုက်ရတဲ့ အခါမှာတော့ ရယ်သံလေးဟာ ရပ်တန့်သွားသည်။
အဝေးက မြို့ကြီးကို ဆွေးမြေ့စွာကြည့်လို့ ဝမ်းနည်းရိပ်သန်းသွားသည်။
ဒါတွေဟာ ရိပေါ်အတွက် တစ်ခါမှ ထိတွေ့ခွင့်မရတဲ့ အမြင်အာရုံသက်သက်သာ။
YOU ARE READING
Black Prince's White Moon
Fanfiction(Zawgyi) မင်းသားရှောင်းရဲ့ ကျိန်စာကို ဖြေပေးနိုင်တဲ့ ဖူးစာရှင်က မမွေးသေးဘူး (Unicode) မင်းသားရှောင်းရဲ့ ကျိန်စာကို ဖြေပေးနိုင်တဲ့ ဖူးစာရှင်က မမွေးသေးဘူး