BPWM(1) {Z&U}

2.1K 110 8
                                    

*Zawgyi *

ဤတိုင်းပြည်၏ အမည်ကား 'ပုလဲနက်' ။
နောက် 'ပုလဲနက်'အပြင် တစ်ခြားအမည်တစ်မျိုးလည်းပဲ ရှိပါသေးသည်။ ထို အမည်ကတော့ 'အလင်းမဲ့'ဆိုတာပဲ ဖြစ်သည်။ တိုင်းပြည်ကို
စတင်ထူထောင်ခဲ့တဲ့ ဘုရင်ကတော့  ပုလဲ လို့
အမည်စပေးခဲ့ပါသည်။
တစ်ခြားအမည် 'အလင်းမဲ့' ကို
ဘာကြောင့်ပေးထားခဲ့တာကိုတော့
မည်သူမှ တိတိကျကျရေရေရာရာ မသိကြဘူး။
တစ်ချို့လူတွေကတော့ ပြောကြသည်။
ရှေ့ဖြစ်ဟောဆရာတစ်ယောက်က နောင်တစ်ချိန်မှာ ဤတိုင်းပြည်ကို အမှောင်တွေ ဖုံးလွှမ်းသွားလိမ့်မည်ဟု ဟောခဲ့တာကြောင့် အလင်းမဲ့ ဟူ၍ တစ်မျိုးအမည်တွင်တယ်လို့လည်း ဆိုကြသည်။ အလင်းမဲ့ ကို အစွဲပြု၍ ပုလဲတိုင်းပြည်ကနေ ပုလဲနက် လို့ အမည်ပြောင်းလဲလာခဲ့သည်။သို့သော်လည်း အလင်းမဲ့ဆိုသော အမည်ကိုသာ အသုံးများကြသည်။

အလင်းမဲ့ တိုင်းပြည်ကတော့
နာမည်နဲ့မလိုက်အောင်  သာယာဝပြောတဲ့ တိုင်းပြည်ဖြစ်တယ်။ရာသီဥတု အမြဲသာယာပြီး စီးပွားရေး၊လူမှုရေး၊နိုင်ငံရေး၊ကျန်းမာရေး အားလုံး အဆင်ပြေချောမွေ့တယ်။ သို့ပေမဲ့  တိုင်းသူပြည်သားတွေ
ဆုတောင်းနေကြရတာတော့ ရှေ့ဖြစ်ဟောဆရာပြောခဲ့တဲ့ အလင်းမဲ့ဆိုတဲ့အတိုင်း အမှောင်တွေ
ကျရောက်မလာစေဖို့ပင်။

ထို ဆုတောင်းက ယနေ့မှာတော့ မပြည့်တော့ပါ။ရှေ့ဖြစ်ဟောအတိုင်း ဖြစ်လာခဲ့ပြီ။

တိုင်းပြည်တစ်ခုလုံး သက်ရှိတစ်ယောက်တလေ၏ အသက်ရှူသံ၊လှုက်ရှားသွားလာသံတို့ပင်မကြားရတော့။မီးခိုးငွေ့တလူလူနဲ့ မီးတောက်လောင်သံ တစ်ဖျစ်ဖျစ် မြည်သံကသာ လွှမ်းခြုံထားတော့သည်။တိုင်းသူပြည်သားများအားလုံး မိစ္ဆာတွေရဲ့ လက်ချက်ကြောင့် သေဆုံးကာ သေဆုံးသူတွေက  နေရာအနှံ့မှာ ပြည့်နက်နေသည်။

တိုင်းပြည်နဲ့ မလှမ်းမကမ်းက ရဲတိုက်ကြီး၏ အတွင်းမှာလည်း တိုက်ပွဲကျဆုံးနေပီဖြစ်သော စစ်သည်ရဲမက်များက နေရာအနှံ့အပြားမှာ ရှိနေသည်။ဒီနေရာကိုလည်း မိစ္ဆာတွေ ဝင်ရောက် တိုက်ခိုက်ခံနေရပြီ ဖြစ်သည်။ရဲတိုက်အတွင်းထဲမှာ အသက်ရှင်ကျန်ရစ်သူတွေလည်း ရှိတယ်။

Black Prince's White Moon Where stories live. Discover now