UNICODE

915 110 308
                                    

နယ်သာလန်၏ နာမည်အကြီးဆုံးဖြစ်သော အမ်စတာဒမ်ရဲ့အထင်ကရအမည်ရှိAUCရဲ့
ကောလိပ်မှာ အနုပညာမေဂျာဖြင့်ကျောင်းကြီးက
လှလွန်းသည်။နှင်းအနည်းငယ်ထူနေသော်လည်း
သပ်ရပ်နေပြီး ကျောင်းတွင်းတစ်ခုလုံးကိုတော့
မကြာခင်ရောက်ရှိလာတော့မည့် ခရစ္စမတ်မို့
ခရစ္စမတ်နဲ့သက်ဆိုင်သည့်အရာတွေဖြင့်သာ
အလှဆင်ထားသည်။အပြင်ဘက်က မြို့တစ်ခုလုံးက ပြောစရာမရှိအောင် လှလွန်းတာဖြစ်သည်။

ဒီဇင်ဘာလအစဖြစ်သည်မို့ နှင်းကျနေသော်လည်း ကျောင်းဝန်းထဲ သစ်ပင်ကြီးအောက်ဘက်ရှိ
ခုံတန်းလေးထက်ဝယ် အဖြူလုံးဒတ်ချ်သား
လေးက ရှေးရိုးဟောင်းသီချင်းများကိုနားထောင်
နေရင်း ပုံဆွဲနေတာဖြစ်သည်။

" ဂျွန်နိုအာ မင်းထပ်ပြီးဆွဲနေပြန်ပြီလား "

သူပုံဆွဲနေရင်း သူ့အနားကိုထိုင်ချလာသည့်
ကောင်လေးက သူ့သူငယ်ချင်းဖြစ်သည်။
အယ်ရိုးက သူ့သောက်နေကြနို့ငှက်ပျောဗူးကို
ဂျွန်နိုအာအနားချပေးပြီး သူဆွဲနေသည့်ပုံရဲ့
ပိုင်ရှင်ကိုပြောလာတာဖြစ်သည်။

ဂျွန်နိုအာလေးလည်း ဆွဲလက်စပုံတူအား ရပ်လိုက်ကာ အယ်ရိုးဝယ်လာပေးသည့်
နို့ငှက်ပျောဗူးလေးကို ပိုက်တက်ကာ
တစ်ငုံသောက်လိုက်ပြီးဖြေသည်။

" အင်း...ငါသဘောကျတယ်၊သူအသစ်ထွက်တဲ့
သီချင်းရဲ့ပုံထဲ သူအတော်ချောတယ်၊ငါလက်
မလွှတ်နိုင်အောင် သူကချောလွန်းတယ် "

သူသဘောကျသည့် ဂျက်ဇ်တေးသံရှင်ဖြစ်တဲ့
ဂင်မ်ဗန့်ထ်၏ ပုံတူပန်းချီသာဖြစ်သည်။ထိုသူက
သူသဘောကျရတဲ့ တေးသံရှင်။တနည်းပြောရရင်
သဘောကျရသည်ထက်ပိုတဲ့ သူပေါ့။

ဂျွန်နိုအာလေးရဲ့ ဗန့်ထ်ဆိုသည့်အမျိုးသားက
လန်ဒန်နဲ့ဖြစ်သော်ငြားလည်း ဝါသနာပါရာ ထင်ရှားသည့်ရှေးရိုးဂီတအမျိုး
အစားတစ်ခုဖြစ်သည့် ဂျက်ဇ်တေးသီချင်းများကို
သီဆိုခြင်းဖြစ်သည်။ကိုယ်တိုင်ဖန်တီးသလို
ဟိုးအရင်ကသီဆိုခဲ့သော အဆိုတော်ကြီးများ၏
တေးသီချင်းများကို ပြန်လည်သီဆိုခဲ့ရင်းမှသူက
အတော့်ကိုနာမည်ရရှိသွားသူဖြစ်သည်။

Love at first sight in Amsterdam [ One Shot ]Where stories live. Discover now