"ကိုကို့!!!!အီး အင့် "
ခြံထဲမှာ မားမားတစ်ေယာက်ထဲ နှင်းဆီပန်းတွေရေလောင်းေနတာမို့ ကူပေးနေတဲ့
ရှန်ချွမ်ေရွ့ေလးတစ်ယောက်ဟာ
ခြံဝမှ တအီးအီးငိုသံပေးကာ
ကိုကိုမည်သံစွဲအလင်္ကာကို နှာချေးတွဲလောင်းဖြင့်
အဆက္မပြတ်ရေရွတ်နေပါသော
အသည်းအူပွတ်လေးဆီအပြေးသွားရပါေတာ့သည်။ခြံတံခါးအဝမှှာ ငုတ်တုတ်လေးထိုင်နေသော
ငဂျစ်လေးဟာဖြင့် ခြံတံခါးဖွင့်ထားရင်တောင် သူကိုယ်တိုင်သွားမခေါ်ရင် ဘယ်တော့မှဝင်မလာတတ်။"ကိုကိုလာခေါ်မှ ကိုကိုလာခေါ်မှ"ဆိုပြီး ပွေ့ထားတဲ့သူ့မေမေရင်ခွင်ထဲမှ ကော့ကလန်လုပ်ပြီး လျှောဆင်းကာ အော်ငိုတတ်သူ။ယခုလည်း ဆောင့်ကြောင့်လေးထိုင်ကာ ပေကလပ်မျက်ပေတုံးတွေဖြင့် သူ့ကိုမှုန်ကုပ်ကာကြည့်နေပြန်သည်။
"ဂယူဗင်း ဘာဖြစ်လာလို့လဲ"
"......."
ပြန်မဖြေ။မှုန်ကုပ်ဆဲ။
ဖြူတစ်တစ်လုံးတုံးတုံးကိုယ်လုံးလေးကို
ပွေ့ဖို့ပြင်တော့ အပွေ့မခံ။အလာကထဲက
ယူလာဟန်ရတဲ့ ရင်ခွင်ထဲတွင် ပိုက်ထားသော macaron ဘူးကိုလည်း အလွတ်မပေး။ဂယူဗင်းပေါက်စက အရွယ်သာငယ်တာ ကောက်ပြီဆိုရင် ဘယ်လိုမှချော့မရတဲ့အထိ ကွေးနေအောင်ပင်ကောက်တော်မူသည်။နှာေချးတွဲလဲ
ကျအောင်ငိုနေလို့သွားချော့ပြီးသုတ်ေပးလျှင်လည်း"ဘာလို့သုတ်ပေးတာလဲ ပြန်ထည့်ပေး"ဆိုတာမျိုး။"အင့် အိ"
အသံပေါင်းစုံထွက်ကာ နုထွေးထွေး
လက်တစ်ဖက်က macaronဘူးကိုရင်ခွင်ထဲပွေ့ထားပြီး ကျန်တစ်ဖက်ကဖြင့်
ခြေသလုံးအုအုဆီလှမ်းကုပ်နေေသးသည်။
အနီရောင် လက်တို၊ေဘာင်းဘီတို
ဝမ်းဆက်ကေလးနဲ့မို့ ဖြူတစ်တစ်လက်ကလေးတွေ၊ခြေထောက်အုအုလေးတွေက ထင်းနေသည်။"ကောင်ကောင်ကိုက်တာလား ဂယူဗင်း လာ ကိုကိုချီမယ် ခုချိန်ကာတွန်းလာချိန်မဟုတ်လား"
ပေကပ်ကပ်ဂျစ်ကန်ကန်လေးဖြင့် ခြေသလုံးပုစိကွိစိကိုပွတ်နေတဲ့ လက်ကလေးက "ခေါ်" ဆိုတဲ့သဘောနဲ့ရှေ့ကိုဆန့်တန်းလာသည်မို့ အသာရယ်မောရင်း တနင့်တပိုးကိုယ်လုံးလေးကို ခါးကျိုးမတတ်ပွေ့ကာ အိမ်ထဲခေါ်ခဲ့ရပါတော့သည်။
YOU ARE READING
Coffee Over Milk
Romanceကြောင်လေးတွေထက်ချစ်ဖို့ကောင်းတယ် နို့အေးတွေထက်သောက်လို့ကောင်းတယ်