လွန်ခဲ့သောငါးနှစ် ...
( ၂၀၁၉ခုနှစ်၊ စီနီယာ ဒုတိယနှစ် )“ ဘယ်လိုလဲ ဂျမ်မနိုင်း! P'Fotက မင်းပေးတဲ့လက်ဆောင်ကို သတိထားမိရဲ့လား ”
ကျောင်းကန်တင်းမှာ ပျင်းရိပျင်းတွဲ့ထိုင်နေရင်း
သူငယ်ချင်းဖြစ်သူ Prom က ပြောလာလျှင် သူလှည့်မကြည့်ဘဲ ခေါင်းခါလိုက်မိသည်။ Promကတော့ သူ့ဘေးနားဝင်ထိုင်ရင်း ယူလာတဲ့နေ့လည်စာကို စားကာ သူ့ပခုံးကို ပုတ်လာပြန်သည်။"... မင်းကလည်းကွာ! သတိမထားမိရုံနဲ့ မျက်နှာက မိုးပြိုမတတ်ဖြစ်နေတာ ... အစားအသောက်ကိုလည်း ကောင်းကောင်းစားပါဦး ..."
ပန်းကန်ထဲက ထမင်းကို ဇွန်းနဲ့ ဟိုထိုး ဒီထိုးလုပ်နေမိတာမို့ Promက ပြောလာတော့ သူသက်ပြင်းချရင်း ပြန်တုံ့ပြန်မိသည်။
“ ငါပေးတဲ့လက်ဆောင်က သာမန်ပဲလေ ကိုကိုက အရေးတယူ ကြည့်မှာမဟုတ်ဘူး ... ”
" ... မင်း စဉ်းစားနေတာ ဒါလား ... ဂျမ်! ... အမြဲတမ်း P'Fot အကြောင်းပဲ စဉ်းစားနေလို့ မရဘူးလေ မင်းအတွက်လည်း မင်းတွေးရမှာပေါ့ ..."
Promရဲ့အပြောကို သူ နာမခံချင်စွာနဲ့ ဇွန်းကို ချကာ Promကို ကြည့်မိသည်။
" ငါ့အတွက် ငါတွေးနေရင်းနဲ့ P'Fotအကြောင်းပဲ ရောက်သွားတာလေ ... ဘယ်လိုလုပ်ရမလဲ ... P'Fot ငါ့ကို သတိထားမိဖို့ ငါဘာလုပ်ရမလဲ ..."
“ မွေးနေ့ပဲရှိသေးတာကွာ ခရစ္စမတ်ကျမှ ထပ်ပြီး စပရိုက်လုပ်ကြတာပေါ့ ... မဟုတ်ရင်လဲ ဖွင့်ပြောလိုက်ပါလား... လက်ဆောင်တွေထဲမှာ စာတွေ ဖွက်သွားတာကတော့ သဘာဝမကျသေးဘူး ... P'Fotက ရေပန်းစားတာသိရဲ့သားနဲ့ လက်ဆောင်အများကြီးကို သူက ဘယ်လိုလုပ်အသေးစိတ်ကြည့်နေနိုင်မှာလဲ ... ”
Promရဲ့စကားကို သူ ခေါင်းညိတ်ရုံကလွဲ ဘာမှ ပြန်မပြောနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောင်းပြောရရင် ကျောင်းနှစ်စမှာ ဂီတကလပ်ရဲ့ အဖွဲ့ခေါင်းဆောင်စီနီယာကို သူသဘောကျခဲ့မိသည်။ သူ့ထက် တစ်တန်းကြီးပြီး အသက်လည်းကွာမယ့်ပုံရတဲ့ ကိုကို့ကို သူသဘောကျမိခဲ့တာက မြင်မြင်ချင်း အချစ်တော့မဟုတ်။ ကိုကို့နာမည်က Fourth Nattawat ဖြစ်ပြီး ဉာဏ်အရမ်းကောင်းသလို စာအရမ်းတော်တဲ့ကျောင်းသားဖြစ်သည်။ စာလည်းတော်သလို ဝန်ကြီးချုပ်ရဲ့သားဖြစ်တာကြောင့် နေရာတကာ ပေါ်ပြူလာဖြစ်တဲ့အပြင် လူတိုင်းကို ချစ်မိသွားစေနိုင်တဲ့ ရုပ်ရည်မျိုးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ဆယ်ကျော်သက်အရွယ် စိတ်ကစားပြီး ပစ်မှားချင်စရာရုပ်ရည်မျိုးရှိနေတဲ့အပြင် တမူထူးခြားသေးတာက ကိုကိုဟာ နတ်ဘုရားတစ်ပါးလို ကိုယ်ရှိန်ကိုယ်ဝါ ဟိတ်ဟန်အပြည့်နဲ့ စမတ်ကျကျကျောင်းသားလေးတစ်ယောက်ဖြစ်သည်။