4.

1.6K 167 2
                                    

အူလျားဖားလျားပြေးလာတဲ့ နန်းတွင်းအမှုထမ်းတစ်ဦးနဲ့သူ့နောက်လိုက်လေးယောက်ဟာ ကျန့်ကျန့်တို့အနားကို ရောက်တော့ အမောဖြေနေတော့တယ်။

" စစ်..စစ်သူကြီးရှောင်း ၊ အရှင်မင်းကြီးက အရေးတကြီး ဆင့်ခေါ်ပါတယ်''

အမောစို့နေရင်းကနေ ကျန့်ကျန့်ဆိုသော ဖုန်ပေနေတဲ့ညစ်ပေအိုးလေးကို စကားတွေတောက်လျှောက်ပြောလိုက်ရတဲ့အတွက် ဖူကုန်းကုန်းက ပိုပြီးမောသွားရတော့တယ်။

ဖူကုန်းကုန်း..။
နန်းတွင်းက အမိန့်ပြန်စာမှန်သမျှကို အာပေါင်အာရင်းသန်သန်နဲ့ ထုတ်ပြန်ရတဲ့ အမိန့်တော်ပြန်တစ်ဦး။
ကြည့်စမ်းပါအုန်း၊ ခုတော့ဖြင့် ညစ်ပေအိုးပေါက်စရှောင်းကြောင့် အမောစို့နေရပြီ။

ရှောင်းအိမ်ကို သွားပြီး ခပ်တည်တည်နဲ့ခေါ်မယ်လုပ်တော့ ရှောင်းအဖွားကြီးက ဟောက်ထုတ်တာကိုခံလိုက်ရသေးတယ်။

" ဒီအချိန်က ငါ့မြေးကျန့်ကျန့်လေးရဲ့ကစားချိန်လေ ၊ အိမ်မှာရှိပါ့မလားဟဲ့ ၊ သွား ယွီကျူးတောအုပ်မှာသွားရှာချေ '' တဲ့။

ဟော ၊ ဖူခဲ့လန်ရဲ့ဘဝမှာ အခုလိုမျိုးအော်ခံရတာ တော်တော်ကို အရှက်ကွဲတာပဲ။ ဒါပေမယ့်လည်း ဘာမှမပြောနိုင်ခဲ့ပါ​ဘူး။
ဒါနဲ့ သူလည်း ယွီကျူးတောအုပ်ဆီ ထပ်မံထွက်ခွာလာခဲ့တော့တယ်။
​ကျေးဇူးရှင်လေးက အဲ့ဒီနေရာမှာမရှိပြန်ဘူး။
ဖူခဲ့လန်က ယုန်တောင်ပြေးခွေးမြောက်လိုက်ဆိုတဲ့ ဆိုရိုးစကားကြီးနဲ့တူနေတယ်လို့ ခံစားလိုက်ရတယ်။

ထိုအခါကျမှ နောက်ကအခြွေရံတစ်ယောက်က အဲ့ဒီအခါမှ ထပြောတယ်။ '' နန်းတော်ကထွက်လာတုန်းက ဈေးထဲမှာ စစ်သူကြီးရှောင်းတို့ကလေးတစ်အုပ်ကို ထွေပစ်ကစားနေတာမြင်ခဲ့တယ်''တဲ့လေ။

အခုမှပြောရလားဟဲ့ ဆိုပြီး အဲ့ဒီအခြွေအရံကို ခေါင်းခေါက်ပေးခဲ့လိုက်တယ် ။ အေးရော။

ချွေးတစ်လုံးလုံးနဲ့အမောစို့နေရတဲ့ ဖူခဲ့လန်ဟာ  ရှောင်းစစ်သူကြီးညစ်ပေအိုးနဲ့ နင်လားငါလားဖြစ်နေပြီ။

" စစ်သူကြီးရှောင်း ''

စကားပြန်မပြောဘဲ မျက်မှောင့်ကျုံ့ထားတဲ့ ညစ်ပေအိုးလေးက ထူခဲ့လန်ကို လစ်လျူရှု့ထားလေတယ်။ ရှောင်းညစ်ပေအိုးက ဖူခဲ့လန်လို အမိန့်တော်ပြန်တစ်ယောက်ကို မဆိုထားနဲ့။ ပုလ္လင်ပေါ်က ဘုရင်ကိုတောင် သောက်ဂရုစိုက်တာမဟုတ်ဘူး။

The Beautiful Warrior(美丽的战士)Completed Where stories live. Discover now