ဘုရင်တစ်ပါးအနေနဲ့ ဒီအခြေအနေဟာ သိပ်ကိုဗရုတ်ကျလွန်းပြီး ဖရိုဖရဲနိုင်လှတယ်။ဒီအဒေါကြီးခုနှစ်ယောက်က ဘာဖြစ်ချင်နေတာလဲဆိုတာ တကယ်ကို နားမလည်နိုင်တော့ပါဘူး။
" ..... "
သူတို့ခုနှစ်ယောက်ဟာ သင့်မြတ်ကြလွန်းလို့ အတိုင်အဖောက်တွေညီနေကြတယ်။
တကယ်တမ်း သူမတို့က မသင့်မြတ်ကြပါဘူး။လုပ်ချင်တာလုပ်ကြပြီဆိုရင်တော့ ကြားလူတောင်ဝင်မရအောင်ကို တည့်ရှု့နေကြရောပဲ။အခုလည်းကြည့်လေ။
နန်းတွင်းညီလာခံကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ကြိုတင်စီစဉ်ထားတဲ့အလားပါပဲ။ ကြာလာရင် ဘုရင်ကြီးဝိမ်းချောင်ဟာ ဘဝပြောင်းပြီး နာမည်ပါဝိမ်းပြောင်အဖြစ်ပြောင်းရတော့မယ်ထင်ပါရဲ့။" အဒေါ်ကြီးတို့ အဲ ..မှားလို့ပါ အမတ်ကြီးတို့"
ဟုတ်သည်။ သူမတို့တစ်ဖွဲ့ကြီးဟာ ပညာရှိအမတ်တွေရွေးထားတဲ့ဘုရင်ကြီးကို နည်းနည်းမှဂရုမစိုက်ဘဲ သူ့မင်းငါ့ချင်းနဲ့ ဖြစ်နေကြတာပါပဲ။ ပညာရှိအမတ်တွေဟာ သူမတို့ရဲ့လက်အောက်မှာ ပြားပြားဝပ်ပြီး သူမတို့ရဲ့ သွန်လိုသွန်မှောက်လိုမှောက် လက်ခုပ်ထဲကရေစက်ကလေး ပမာသာရယ်။
"ညီလာခံ သိမ်းရအောင်လေ နော် "
" ......""
ဝိမ်းချောင်က အဒေါ်ကြီးခုနှစ်ယောက်ကို ပြုံးစစနဲ့မျက်နှာချိုသွေးပြီးပြောလိုက်ပေမယ့် သူမတို့ ခုနှစ်ယောက်လုံးက နူတ်ခမ်းစူပြီး မျက်စောင်းထိုးကြတယ်။
ကြည့်လို့လည်းမလှဘဲနဲ့လို့ ရင်ထဲကနေပြီး နှာခေါင်းရှုံ့နေပေမယ့် ဘုရင်ကြီးဝိမ်းချောင်က အပြင်ပန်းမှာတော့ ခပ်ပြုံးပြုံးနဲ့ပင်။
"အရှင်မင်းကြီး ရှင့်အနေနဲ့ကျွန်မတို့ကို မိဖုရားမြောက်ပါလား "
မထော်မနန်းစကားကို သူမတို့က အခုလိုမျိုးသံပြိုင်ပြောတတ်ပါသေးတယ်။ မအီမသာအပြုံးနဲ့ ဘုရင်ကြီးတစ်ပါးရဲ့သိက္ခာကိုပင်မဆယ်နိုင်လောက်အောင် ပလ္လင်ပေါ်ကနေပြေးဆင်းပြီးထွက်သွားတဲ့ဝိမ်းချောင်ကြောင့် သူမတို့က ယခုလိုမျိုး လိုရာဆွဲတွေးကြပြန်တယ်။
YOU ARE READING
The Beautiful Warrior(美丽的战士)Completed
RomanceOriginal Name: 美丽的战士(The Beautiful Warrior) Original Author: moelonemhai Start date - December 1.2023(Friday) Ending date- Mar 11.2024(Monday)